သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင် စစ်တပ်စခန်းအားလုံး AA သိမ်းပိုက်


စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်လိုက်ပြီလို့ အာရက္ခတပ်တော် AA က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဘူးသီးတောင်မြို့နယ်ဟာ စစ်ကောင်စီ တပ်စခန်းတွေ အများဆုံး တည်ရှိတဲ့ နေရာတခု ဖြစ်ပါတယ်။ ဘူးသီးတောင် ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းတွေ၊ အမြှောက်တပ်၊ ထောက်ပို့တပ်ရင်းတွေနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင် အခြေစိုက် တပ်ရင်းအချို့ အပါအဝင် တပ်စခန်းတွေကို အားလုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ AA အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ ထွက်ပြေးသွားကြတဲ့ လက်ကျန်တပ်ဖွဲ့ဝင်တွေကို AA က လိုက်လံရှင်းလင်းနေတဲ့အတွက် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နဲ့ မောင်တောမြို့နယ်တွေမှာလည်း စစ်ကောင်စီ တပ်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ နေ့စဥ်နီးပါး ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက တကြော့ပြန် တိုက်ပွဲတွေ စတင်ဖြစ်နေတာပါ။ ဒီ ၆ လအတွင်း ရခိုင်ပြည်နယ်တွင်းက မြို့နယ် ၁၇ မြို့နယ် ရှိတဲ့အထဲ မြို့နယ် ၉ မြို့နယ်အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း AA က သိမ်းပိုက်ထားပါတယ်။ စစ်တွေ၊ မောင်တောနဲ့ အမ်းမြို့နယ် အပါအဝင် ကျန်မြို့နယ်တွေကိုပါ သိမ်းပိုက်နိုင်ဖို့ AA က ထိုးစစ်ဆင်နေတာကြောင့် နေရာအတော်များများမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲက စစ်တပ်စခန်းတွေ AA သိမ်းပိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Forum

XS
SM
MD
LG