သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု စွပ်စွဲချက် AA အဖွဲ့ငြင်းဆန်


စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲမှာ ဒေသခံ ရိုဟင်ဂျာတွေ တိုက်ခိုက်ခံခဲ့ရကြောင်း စွပ်စွဲချက်တွေအပေါ် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA အာရက္ခတပ်တော် က ငြင်းဆန်ုလိုက်ပါတယ်။ ဘူးသီးတောင်က စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း AA အဖွဲ့က ကြေညာခဲ့ပြီးနောက် ရိုဟင်ဂျာတွေကို အတင်းအကြပ် မောင်းထုတ်တာ၊ နေအိမ်တွေ မီးရှို့တာ ခံခဲ့ရကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ကြတာပါ။

ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း AA က မနေ့ မေလ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဘူးသီးတောင် အပါအဝင် ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ဘူးသီးတောင်နဲ့ အနီးဝန်းကျင်ဒေသတွေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေကို AA က ပစ်မှတ်ထားခဲ့တယ်လို့ ရိုဟင်ဂျာအရေး တက်ကြွ လှုပ်ရှားသူတချို့ရဲ့ စွပ်စွဲ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တာကိုတော့ မဟုတ်မှန်ကြောင်း အဖွဲ့ပြောခွင့်ရ ခိုင်သုခကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဘူးသီးတောင်အခြေစိုက် ခမရ (၃၅၃) တပ်ရင်းကို AA သိမ်းပိုက်ရှင်းလင်းစဉ် စစ်ကောင်စီက ၃ ရက်ကြာ အစာရေစာမကျွေးဘဲ ဖမ်းဆီး ပိတ်လှောင်ထားတဲ့ ခရုချောင်း မွတ်ဆလင်ကျေးရွာက ကလေးငယ်တွေအပါဝင် မွတ်ဆလင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၅ ယောက်ကို ကယ်ထုတ်တဲ့ ရုပ်သံမှတ်တမ်းကို AA က ထုတ်ပြန်ခဲ့ပါတယ်။ အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်မှာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အားလုံးကို အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် သူ့ရဲ့ လူမှုကွန်ရက် X စာမျက်နှာမှာ မေလ ၁၈ ရက် စနေနေ့က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ စစ်ကောင်စီနဲ့ AA အကြား ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ သီးခြား တွေ့ဆုံခဲ့ကြပေမယ့် ရလဒ် တစုံတရာမရဘဲ ပြီးဆုံးသွားခဲ့သလို၊ ရခိုင်ပြည်နယ် နေရာ အတော်များများ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

Forum

XS
SM
MD
LG