သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ရကၡိတလမ္းစဥ္အတိုင္း မွန္မွန္ရပ္တည္ေန” AA ေျပာခြင့္ရသူ


AA Army (ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

[[Zawgyi/Unicode]]

ျမန္မာျပည္သူအားလုံးရဲ႕ ႏိုင္ငံေရးေမွ်ာ္မွန္းခ်က္ကို ေလးစားတန္ဖိုးထားေပမယ့္ AA အေနနဲ႔ မူလရပ္တည္ခ်က္အတိုင္း ရခိုင္ ရကၡိတလမ္းစဥ္အတိုင္း ရပ္တည္သြားမွာျဖစ္တယ္လို႔ AA တာဝန္ရွိသူေတြကေျပာပါတယ္။ စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္ၾကဖို႔ ဒီမိုကေရစီအင္အားစုေတြဘက္က တိုင္းရင္းသားအဖြဲ႕အစည္းေတြကို တိုက္တြန္းေနခ်ိန္မွာ အခုလို တုံ႔ျပန္ခ်က္ထြက္ေပၚလာတာပါ။ ဒီအေၾကာင္းေပးပို႔ထားတဲ့သတင္းကိုဦးတင္ေမာင္သန္းက တင္ျပထားပါတယ္။

NUG အစိုးရရဲ႕ ယာယီသမၼတႀကီးက စစ္အာဏာရွင္ဆန႔္က်င္ေရးမွာ ရခိုင့္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္လိုေၾကာင္း ကမ္းလွမ္း ေျပာဆိုထားေပမယ့္ AA ဘက္ကေတာ့ နဂိုကတည္းက ခ်မွတ္ထားတဲ့ ရကၡိတလမ္းစဥ္အတိုင္း ရပ္တည္ သြားမယ္လို႔ တုံ႔ျပန္ေျပာဆိုတာပါ။ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ယာယီသမၼတႀကီး ဒူဝါလရွီးလရဲ႕ ႏွစ္ ၄၀ ျပည့္ မဂၤလာႏွစ္ပတ္လည္ေန႔မွာ ရခိုင္လက္နက္ ကိုင္ AA အဖြဲ႕နဲ႔ သမၼတႀကီးတို႔ၾကား အျပန္အလွန္ သဝဏ္လႊာေပးပို႔ခဲ့ၾကတာပါ။

NUG အစိုးရ ယာယီသမၼတႀကီးရဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ဆီကို ေက်းဇူးတင္ ေၾကာင္းျပန္ေပးပို႔တဲ့သဝဏ္လႊာထဲမွာ အမ်ိဳးသားတန္းတူညီမွ်ေရး၊ ကိုယ္ပိုင္ျပဌာန္းခြင့္အျပည့္အဝရရွိေရးနဲ႔ လြတ္လပ္တဲ့လူ႔အဖြဲ႕အစည္းတရပ္ ေပၚထြက္လာဖို႔ အတြက္ အာဏာရွင္ေတာ္လွန္ေရးမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕နဲ႔ ပူးေပါင္း လုပ္ေဆာင္လိုေၾကာင္း ေဖာ္ျပထားပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ယာယီသမၼတႀကီး ဒူဝါလရွီးလရဲ႕ ႏွစ္ ၄၀ ျပည့္ မဂၤလာ ႏွစ္ပတ္လည္ေန႔မွာ AA ဘက္ကေပးပို႔တဲ့သဝဏ္လႊာဟာ လူမႈေရးသေဘာျဖစ္ပါတယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ဒီသဝဏ္လႊာကေတာ့ လူမႈေရးအရ ေပးပို႔တဲ့ သဝဏ္လႊာျဖစ္ပါတယ္။ ဘာျဖစ္လို႔ လဲဆိုေတာ့ ကခ်င္ျပည္နယ္မွာ ႏွစ္ေပါင္းတဆယ္ေက်ာ္ လုပ္ကိုင္ ရပ္တည္လာၾကတာဆိုေတာ့လူမႈေရးအရ တျခားက႑ေတြမွာ အမ်ားႀကီး ရင္းႏွီးမႈေတြ၊ ပါဝင္ ပတ္ သက္မႈေတြ သူ႔ဟာနဲ႔သူ ရွိၾကတာေပါ့။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ ေပးပို႔တာျဖစ္ပါတယ္။ တျခား ဘာရည္႐ြယ္ခ်က္မွ မရွိပါဘူး။”

ျမန္မာလူထုရဲ႕ ႏိုင္ငံေရးေမွ်ာ္မွန္းခ်က္ကို ေလးစားတန္ဖိုးထားေပမယ့္ AA အေနနဲ႔ ရကၡိတလမ္းစဥ္အတိုင္း ရပ္တည္သြားမယ္လို႔လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

“NUGနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ရဲ႕ ရပ္တည္ခ်က္ကေတာ့ နဂိုအတိုင္းပါပဲဗ်ာ။ က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔ရဲ႕ ရကၡိတလမ္းစဥ္အတိုင္း မွန္မွန္ရပ္တည္တယ္။ တၿပိဳင္တည္းမွာပဲျမန္မာျပည္သူေတြရဲ႕ ႏိုင္ငံေရး ေမွ်ာ္မွန္းခ်က္ေတြကိုလည္းပဲ က်ေနာ္တို႔ အၿမဲတမ္း ေလးစား တန္ဖိုးထားပါတယ္။ အားလုံးကို တရားနည္းလမ္းက်က် ျဖစ္ေစခ်င္တဲ့ ေစတနာသာ ရွိပါတယ္ ခင္မ်ာ။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF ေတြနဲ႔ စစ္ေကာင္စီၾကား ႏိုင္ငံေနရာအေတာ္မ်ားမ်ားမွာ အျပန္အလွန္တိုက္ ပြဲေတြရွိေနေပမယ့္ ရခိုင္ေဒသမွာေတာ့ အေတာ္ေလး ၿငိမ္ၿငိမ္သက္သက္ရွိေနတာပါ။ ဒီမတိုင္ခင္ႏွစ္ေတြတုန္းကေတာ့ ရခိုင္ေဒသမွာ AA နဲ႔ ျမန္မာစစ္တပ္အၾကား တိုက္ပြဲေတြႀကီးမားျပင္းထန္ခဲ့ၿပီး အဲဒီေနာက္ ႏွစ္ဘက္ အပစ္အခတ္ရပ္စဲေရးယူထားတဲ့အခ်ိန္လည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႏိုဝင္ဘာလအေစာပိုင္းတုန္းကေတာ့ ေမာင္ေတာဘက္မွာ AA နဲ႔ ျမန္မာစစ္တပ္အၾကား တိုက္ပြဲငယ္တခ်ိဳ႕ရွိခဲ့ပါေသးတယ္။ လက္ရွိမွာလည္း စစ္ေကာင္စီဘက္က ရခိုင္ျပည္နယ္အတြင္း တပ္ေန ရာ တိုးခ်ဲ႕လာတာေၾကာင့္ စစ္ေကာင္စီနဲ႔ AA ၾကား စစ္ေရးတင္းမာေနသလို အခ်ိန္မေ႐ြး တိုက္ပြဲ ျဖစ္ပြားႏိုင္တယ္လို႔လည္း AA အဖြဲ႔ဘက္က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

“ရက္ခိတလမ်းစဉ်အတိုင်း မှန်မှန်ရပ်တည်နေ” AA ပြောခွင့်ရသူ

မြန်မာပြည်သူအားလုံးရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို လေးစားတန်ဖိုးထားပေမယ့် AA အနေနဲ့ မူလရပ်တည်ချက်အတိုင်း ရခိုင် ရက္ခိတလမ်းစဉ်အတိုင်း ရပ်တည်သွားမှာဖြစ်တယ်လို့ AA တာဝန်ရှိသူတွေကပြောပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ ဒီမိုကရေစီအင်အားစုတွေဘက်က တိုင်းရင်းသားအဖွဲ့အစည်းတွေကို တိုက်တွန်းနေချိန်မှာ အခုလို တုံ့ပြန်ချက်ထွက်ပေါ်လာတာပါ။ ဒီအကြောင်းပေးပို့ထားတဲ့သတင်းကိုဦးတင်မောင်သန်းက တင်ပြထားပါတယ်။

NUG အစိုးရရဲ့ ယာယီသမ္မတကြီးက စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရခိုင့်လက်နက်ကိုင် AA အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ကမ်းလှမ်း ပြောဆိုထားပေမယ့် AA ဘက်ကတော့ နဂိုကတည်းက ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း ရပ်တည် သွားမယ်လို့ တုံ့ပြန်ပြောဆိုတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတကြီး ဒူဝါလရှီးလရဲ့ နှစ် ၄၀ ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ရခိုင်လက်နက် ကိုင် AA အဖွဲ့နဲ့ သမ္မတကြီးတို့ကြား အပြန်အလှန် သဝဏ်လွှာပေးပို့ခဲ့ကြတာပါ။

NUG အစိုးရ ယာယီသမ္မတကြီးရဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဆီကို ကျေးဇူးတင် ကြောင်းပြန်ပေးပို့တဲ့သဝဏ်လွှာထဲမှာ အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရရှိရေးနဲ့ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းတရပ် ပေါ်ထွက်လာဖို့ အတွက် အာဏာရှင်တော်လှန်ရေးမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်လိုကြောင်း ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတကြီး ဒူဝါလရှီးလရဲ့ နှစ် ၄၀ ပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့မှာ AA ဘက်ကပေးပို့တဲ့သဝဏ်လွှာဟာ လူမှုရေးသဘောဖြစ်ပါတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ဒီသဝဏ်လွှာကတော့ လူမှုရေးအရ ပေးပို့တဲ့ သဝဏ်လွှာဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကချင်ပြည်နယ်မှာ နှစ်ပေါင်းတဆယ်ကျော် လုပ်ကိုင် ရပ်တည်လာကြတာဆိုတော့လူမှုရေးအရ တခြားကဏ္ဍတွေမှာ အများကြီး ရင်းနှီးမှုတွေ၊ ပါဝင် ပတ် သက်မှုတွေ သူ့ဟာနဲ့သူ ရှိကြတာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့ ပေးပို့တာဖြစ်ပါတယ်။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။”

မြန်မာလူထုရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို လေးစားတန်ဖိုးထားပေမယ့် AA အနေနဲ့ ရက္ခိတလမ်းစဉ်အတိုင်း ရပ်တည်သွားမယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“NUGနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ နဂိုအတိုင်းပါပဲဗျာ။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ရက္ခိတလမ်းစဉ်အတိုင်း မှန်မှန်ရပ်တည်တယ်။ တပြိုင်တည်းမှာပဲမြန်မာပြည်သူတွေရဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေကိုလည်းပဲ ကျနော်တို့ အမြဲတမ်း လေးစား တန်ဖိုးထားပါတယ်။ အားလုံးကို တရားနည်းလမ်းကျကျ ဖြစ်စေချင်တဲ့ စေတနာသာ ရှိပါတယ် ခင်မျာ။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီကြား နိုင်ငံနေရာအတော်များများမှာ အပြန်အလှန်တိုက် ပွဲတွေရှိနေပေမယ့် ရခိုင်ဒေသမှာတော့ အတော်လေး ငြိမ်ငြိမ်သက်သက်ရှိနေတာပါ။ ဒီမတိုင်ခင်နှစ်တွေတုန်းကတော့ ရခိုင်ဒေသမှာ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေကြီးမားပြင်းထန်ခဲ့ပြီး အဲဒီနောက် နှစ်ဘက် အပစ်အခတ်ရပ်စဲရေးယူထားတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုဝင်ဘာလအစောပိုင်းတုန်းကတော့ မောင်တောဘက်မှာ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲငယ်တချို့ရှိခဲ့ပါသေးတယ်။ လက်ရှိမှာလည်း စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်အတွင်း တပ်နေ ရာ တိုးချဲ့လာတာကြောင့် စစ်ကောင်စီနဲ့ AA ကြား စစ်ရေးတင်းမာနေသလို အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တယ်လို့လည်း AA အဖွဲ့ဘက်က ပြောဆိုထားပါတယ်။

#MyanmarMilitaryCoup #Rakhine #VOABurmese

#ရခိုင် #ရက္ခိတလမ်းစဉ် #ခိုင်သုခ #စစ်ကောင်စီ #ဗွီအိုအေ

==============

XS
SM
MD
LG