သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အပစ္ရပ္ထားတဲ့ ရခိုင္ေျမာက္ပိုင္းမွာ ေထာက္ပံ့ကူညီမႈေတြ မရေသး


ရခုိင္စစ္ေဘးေရွာင္ဒုကၡသည္မ်ား

[[Zawgyi/Unicode]]

စစ္ေကာင္စီနဲ႔ AA ရခိုင္တပ္ဖြဲ႔ၾကား လူသားခ်င္းစာနာမႈဆိုင္ရာ အပစ္ရပ္ထားတာ ၂ ပတ္နီးပါးၾကာလာေပမဲ့ ရခိုင္ေျမာက္ပိုင္းမွာ စားနပ္ရိကၡာကူညီေထာက္ပံ့မႈေတြ မရွိေသးဘူးလို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာပါတယ္။ ဒီ ဒုကၡသည္ေတြအတြက္ စစ္ေကာင္စီက ေထာက္ပံ့ကူညီတာမရွိသလို တျခား ျပင္ပအကူအညီေတြလည္း မရၾကေသးပါဘူး။ ဒီအေၾကာင္း သတင္းေပးပို႔ထားတာ မဆုမြန္က တင္ျပေပးထားပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ စစ္ေကာင္စီနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ၾကား တေၾကာ့ျပန္တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားေနတာကေန ရခိုင္ျပည္သူေတြနဲ႔ စစ္ေဘးဒုကၡသည္ေတြအတြက္ လူသားခ်င္းစားနာေထာက္ထားတဲ့အေနနဲ႔ ႏွစ္ဘက္သေဘာတူ ႏႈတ္ကတိနဲ႔ အပစ္ရပ္ခဲ့ၾကပါတယ္။

လက္ရွိအပစ္ရပ္ထားတာ သီတင္းႏွစ္ပတ္နီးလာရွိလာၿပီး စစ္ေကာင္စီဘက္က ခရီးသြားလာေရးနဲ႔ ပိတ္ထားတဲ့ကုန္းလမ္းေရလမ္းတခ်ိဳ႕ကို ဖြင့္ေပးတာ၊ ကန႔္သတ္ခ်က္ေလွ်ာ့ေပးတာေတြ လုပ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ရခိုင္ေျမာက္ပိုင္း စစ္ေဘးဒုကၡသည္စခန္းေတြမွာေတာ့ အပစ္ရပ္ၿပီးေနာက္ပိုင္း လာေရာက္ကူညီသူေတြမရွိေသးဘူးလို႔ ေညာင္ေခ်ာင္း စစ္ေရွာင္စခန္းတာဝန္ခံ ကိုသန္းေအးကေျပာပါတယ္။

“အခုစစ္ေကာင္စီနဲ႔ ရကၡိဳင့္တပ္ေတာ္တို႔ ႏွစ္ဘက္ အပစ္အခတ္ရပ္စဲၿပီးေနာက္ပိုင္းမွာေတာ့ က်ေနာ္တို႔ ေညာင္ေခ်ာင္းစစ္ေရွာင္စခန္းကို တျခားအဖြဲ႔ေတြ လာလႉတာေတာ့မရွိေသးဘူးခင္ဗ်ာ။”

လူဦးေရ ၄,၀၀၀ ေက်ာ္ရွိတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာဆိုရင္ အရင္ေထာက္ပံ့ေနၾက ကမာၻ႔စားနပ္ ရိကၡာအဖြဲ႔ WFP တခုတည္းကသာ တလအတြက္ စစ္ေဘးဒုကၡသည္တဦးကို ၂၁,၀၀၀ က်ပ္ ေထာက္ပံ့ေပးထားပါတယ္။ ဒါေပမဲ့ ကုန္ေဈးႏႈန္းေတြ အဆမတန္ျမင့္တက္ေနတာေၾကာင့္ လုံေလာက္မႈ မရွိဘူးလို႔လည္း ကိုသန္းေအးက ေျပာပါတယ္။

“က်ေနာ္တို႔ စစ္ေရွာင္စခန္းကေတာ့ လူဦးေရက ၄,၀၀၀ ေက်ာ္ရွိတာေပါ့ေနာ္၊ စားဝတ္ေနေရးက်ေတာ့ ကမာၻ႔စားနပ္ရိကၡာအဖြဲ႔ WFP ရဲ႕ေထာက္ပံ့ေၾကးနဲ႔ပဲ ေရွ႕ဆက္ေနၾကတယ္။ ဒါေပမယ့္ WFP ရဲ႕ ေထာက္ပံ့မႈတခုတည္းနဲ႔က်ေတာ့ စစ္ေရွာင္ေတြအေနနဲ႔ ရပ္တည္ရတာ အခက္အခဲေတာ့ရွိတာေပါ့။ မေျပာျပတတ္ေလာက္ေအာင္ အခက္အခဲရွိတယ္။”

ဒါ့အျပင္ ေျမာက္ဦးၿမိဳ႕နယ္ ပီပင္ရင္ စစ္ေဘးဒုကၡသည္စခန္းမွာဆိုရင္လည္း စားနပ္ရိကၡာေထာက္ပံ့သူေတြမရွိေတာ့တာေၾကာင့္ စားဝတ္ေနေရးအခက္ႀကဳံေနရတယ္လို႔ ပီပင္ရင္းစစ္ေဘးဒုကၡသည္စခန္းတာဝန္ခံ ကိုသိန္းေ႐ႊျမတ္က ေျပာပါတယ္။

“အခုလက္ရွိဒုကၡသည္ေတြက တအားခက္ခဲေနၾကတယ္။ ဦးေလးတို႔စခန္းကို အစိုးရဌာန လူကယ္ျပန္က မေထာက္ပံ့တာေတာ့ ၁၀ လေလာက္ရွိၿပီ။ က်ေနာ္တို႔ အတိအက်မမွတ္မိေတာ့ဘူး၊ ဦးေလးတို႔စခန္းကို အဓိက ေထာက္ပံ့ေပးေနတဲ့ WFP ကလည္း ၉ လပိုင္းကတည္းက မေထာက္ပံ့ေတာ့သလို တျခားအဖြဲ႔ေတြလည္း မေထာက္ပံ့တာ အခုအထိပဲ။ စားနပ္ရိကၡာေထာက္ပံ့မွာေလာက္မေျပာနဲ႔၊ NGO ေတြ၊ CSO ေတြ၊ အလႉရွင္ေတြ အခုအထိကို တဖြဲ႔မွာ လာၾကည့္တာေတာင္မရွိေသးဘူး။”

တိုက္ပြဲေတြေၾကာင့္ ဒုကၡေရာက္ၾကတဲ့ ေဒသခံေတြအတြက္ လူသားခ်င္းစာနာမႈအရ ယာယီအပစ္ရပ္ထားတဲ့သေဘာ ျဖစ္တယ္လို႔ AA ဘက္ကေတာ့ ေျပာထားပါတယ္။ ႏွစ္ဘက္ၾကား အပစ္ရပ္ထားတယ္ဆိုတာကို AA ေရာ စစ္ေကာင္စီကပါ အတည္ျပဳထားေပမဲ့ တရားဝင္သေဘာတူ လက္မွတ္ထိုးတာမ်ိဳးေတာ့ မရွိေသးပါဘူး။ စားေရရိကၡာေတြ သယ္ယူႏိုင္ေအာင္ စစ္ေၾကာင့္ ပိတ္ထားတဲ့လမ္းေတြကို ဖြင့္လိုက္တယ္ဆိုေပမဲ့ စစ္ေဆးမႈေတြတင္းၾကပ္ေနတာနဲ႔ စစ္ေဘးဒုကၡသည္ကူညီေရးပိုင္းေတြမွာ အခက္အခဲေတြ ရွိေနဆဲ ျဖစ္တယ္လို႔ေဒသခံေတြကေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======================

[[Unicode]]

အပစ်ရပ်ထားတဲ့ ရခိုင်မြောက်ပိုင်းမှာ ထောက်ပံ့ကူညီမှုတွေ မရသေး

စစ်ကောင်စီနဲ့ AA ရခိုင်တပ်ဖွဲ့ကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ထားတာ ၂ ပတ်နီးပါးကြာလာပေမဲ့ ရခိုင်မြောက်ပိုင်းမှာ စားနပ်ရိက္ခာကူညီထောက်ပံ့မှုတွေ မရှိသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ဒီ ဒုက္ခသည်တွေအတွက် စစ်ကောင်စီက ထောက်ပံ့ကူညီတာမရှိသလို တခြား ပြင်ပအကူအညီတွေလည်း မရကြသေးပါဘူး။ ဒီအကြောင်း သတင်းပေးပို့ထားတာ မဆုမွန်က တင်ပြပေးထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တကြော့ပြန်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာကနေ ရခိုင်ပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစားနာထောက်ထားတဲ့အနေနဲ့ နှစ်ဘက်သဘောတူ နှုတ်ကတိနဲ့ အပစ်ရပ်ခဲ့ကြပါတယ်။

လက်ရှိအပစ်ရပ်ထားတာ သီတင်းနှစ်ပတ်နီးလာရှိလာပြီး စစ်ကောင်စီဘက်က ခရီးသွားလာရေးနဲ့ ပိတ်ထားတဲ့ကုန်းလမ်းရေလမ်းတချို့ကို ဖွင့်ပေးတာ၊ ကန့်သတ်ချက်လျှော့ပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ရခိုင်မြောက်ပိုင်း စစ်ဘေးဒုက္ခသည်စခန်းတွေမှာတော့ အပစ်ရပ်ပြီးနောက်ပိုင်း လာရောက်ကူညီသူတွေမရှိသေးဘူးလို့ ညောင်ချောင်း စစ်ရှောင်စခန်းတာဝန်ခံ ကိုသန်းအေးကပြောပါတယ်။

“အခုစစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ နှစ်ဘက် အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာတော့ ကျနော်တို့ ညောင်ချောင်းစစ်ရှောင်စခန်းကို တခြားအဖွဲ့တွေ လာလှူတာတော့မရှိသေးဘူးခင်ဗျာ။”

လူဦးရေ ၄,၀၀၀ ကျော်ရှိတဲ့ ကျောက်တော်မြို့နယ်မှာဆိုရင် အရင်ထောက်ပံ့နေကြ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ WFP တခုတည်းကသာ တလအတွက် စစ်ဘေးဒုက္ခသည်တဦးကို ၂၁,၀၀၀ ကျပ် ထောက်ပံ့ပေးထားပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် လုံလောက်မှု မရှိဘူးလို့လည်း ကိုသန်းအေးက ပြောပါတယ်။

“ကျနော်တို့ စစ်ရှောင်စခန်းကတော့ လူဦးရေက ၄,၀၀၀ ကျော်ရှိတာပေါ့နော်၊ စားဝတ်နေရေးကျတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ထောက်ပံ့ကြေးနဲ့ပဲ ရှေ့ဆက်နေကြတယ်။ ဒါပေမယ့် WFP ရဲ့ ထောက်ပံ့မှုတခုတည်းနဲ့ကျတော့ စစ်ရှောင်တွေအနေနဲ့ ရပ်တည်ရတာ အခက်အခဲတော့ရှိတာပေါ့။ မပြောပြတတ်လောက်အောင် အခက်အခဲရှိတယ်။”

ဒါ့အပြင် မြောက်ဦးမြို့နယ် ပီပင်ရင် စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း စားနပ်ရိက္ခာထောက်ပံ့သူတွေမရှိတော့တာကြောင့် စားဝတ်နေရေးအခက်ကြုံနေရတယ်လို့ ပီပင်ရင်းစစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ကိုသိန်းရွှေမြတ်က ပြောပါတယ်။

“အခုလက်ရှိဒုက္ခသည်တွေက တအားခက်ခဲနေကြတယ်။ ဦးလေးတို့စခန်းကို အစိုးရဌာန လူကယ်ပြန်က မထောက်ပံ့တာတော့ ၁၀ လလောက်ရှိပြီ။ ကျနော်တို့ အတိအကျမမှတ်မိတော့ဘူး၊ ဦးလေးတို့စခန်းကို အဓိက ထောက်ပံ့ပေးနေတဲ့ WFP ကလည်း ၉ လပိုင်းကတည်းက မထောက်ပံ့တော့သလို တခြားအဖွဲ့တွေလည်း မထောက်ပံ့တာ အခုအထိပဲ။ စားနပ်ရိက္ခာထောက်ပံ့မှာလောက်မပြောနဲ့၊ NGO တွေ၊ CSO တွေ၊ အလှူရှင်တွေ အခုအထိကို တဖွဲ့မှာ လာကြည့်တာတောင်မရှိသေးဘူး။”

တိုက်ပွဲတွေကြောင့် ဒုက္ခရောက်ကြတဲ့ ဒေသခံတွေအတွက် လူသားချင်းစာနာမှုအရ ယာယီအပစ်ရပ်ထားတဲ့သဘော ဖြစ်တယ်လို့ AA ဘက်ကတော့ ပြောထားပါတယ်။ နှစ်ဘက်ကြား အပစ်ရပ်ထားတယ်ဆိုတာကို AA ရော စစ်ကောင်စီကပါ အတည်ပြုထားပေမဲ့ တရားဝင်သဘောတူ လက်မှတ်ထိုးတာမျိုးတော့ မရှိသေးပါဘူး။ စားရေရိက္ခာတွေ သယ်ယူနိုင်အောင် စစ်ကြောင့် ပိတ်ထားတဲ့လမ်းတွေကို ဖွင့်လိုက်တယ်ဆိုပေမဲ့ စစ်ဆေးမှုတွေတင်းကြပ်နေတာနဲ့ စစ်ဘေးဒုက္ခသည်ကူညီရေးပိုင်းတွေမှာ အခက်အခဲတွေ ရှိနေဆဲ ဖြစ်တယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။

XS
SM
MD
LG