သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

AA အဖြဲ႕ထံ စစ္ေကာင္စီတပ္သား ရာနဲ႔ခ်ီ ထြက္ေျပးခဲ့


ရကၡိဳင့္တပ္မေတာ္ AA ဗိုလ္သင္တန္းဆင္းပဲြအခမ္းအနား (ဓါတ္ပံု- AA Info Desk/ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နဲ႔ ဆက္ဆံေရး ေကာင္းမြန္ေနတဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ဆီကို စစ္ေကာင္စီတပ္သားေတြ ထြက္ေျပးလာတာ ရာနဲ႔ခ်ီရွိတယ္လို႔ AA ဘက္က ေျပာပါတယ္။ စစ္ေကာင္စီဖိတ္ေခၚတဲ့ ၿငိမ္းခ်မ္းေရးေဆြးႏြဲပြဲကို AA ဘက္ကျငင္းဆိုခဲ့တဲ့ေနာက္ပိုင္း စစ္ေကာင္စီနဲ႔ AA အဖြဲ႕တို႔ စစ္ေရးတင္းမာေနၿပီး ထိပ္တိုက္ ေတြ႕မႈေတြလည္း ရွိေနတာပါ။ အခုလို စစ္ေကာင္စီနဲ႔ AA အဖြဲ႕ရဲ႕ ထိပ္တိုက္ေတြ႕မႈေတြကို ၾကားခံေတြက ဝင္ေရာက္ေဆြးေႏြးေနေပမယ့္ ေဆြးေႏြးလို႔မရတဲ့ အေျခအေနရွိေနတယ္လို႔ ဒီကေန႔ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ AA အဖြဲ႕ ေျပာခြင့္ရက ေျပာသြားခဲ့တယ္။ ဒီအေၾကာင္းအျပည့္အစုံ ရန္ကုန္က လာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီနဲ႔ စစ္ေရးတင္းမာေနတဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ဆီကို စစ္ေကာင္ စီ တပ္သားေတြ ထြက္ေျပးလာတာ ရာနဲ႔ခ်ီရွိေနၿပီး ထြက္ေျပးလာသူေတြကို ကူညီ ေစာင့္ေရွာက္ေပးထားတယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္ သုခက ဒီကေန႔ျပဳလုပ္တဲ့ အြန္လိုင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“AA ဆီသို႔ ထြက္ေျပးလာတဲ့ စစ္ေကာင္စီတပ္သားေတြ အေရအတြက္အားျဖင့္ ရာနဲ႔ခ်ီၿပီးေတာ့ ရွိပါတယ္။ အဲဒီလူေတြကို က်ေနာ္တို႔က တတ္ႏိုင္သမွ် လူသားစာနာမႈအျပည့္နဲ႔ ကူညီေပးေနတာရွိပါတယ္။ လူအေရအတြက္ အတိအက်ကိုေတာ့ က်ေနာ္တို႔ ထုတ္ေျပာဖို႔မရွိပါ။ အဲဒီလို ထြက္ေျပးလာတဲ့လူေတြ က်ေနာ္တို႔ဆီ ကို ေရာက္လာတယ္ဆိုရင္ အတတ္ႏိုင္ဆုံး အေကာင္းဆုံး ကူညီတာေတြ၊ ေနရာခ်ေပးတာေတြ လုပ္ေဆာင္ေပးေနပါတယ္။”

ရခိုင္လက္ကိုင္ AA အဖြဲ႕နဲ႔ ျမန္မာစစ္ေကာင္စီဘက္က အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာထားတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕ NUG တို႔ ၿပီးခဲ့တဲ့ ေမလအတြင္း က အြန္လိုင္းကေန ေတြ႕ဆုံခဲ့ၾကၿပီး ျမန္မာ့ႏိုင္ငံေရး အၾကပ္အတည္းေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ၾကတယ္လို႔ AA ဘက္က ေျပာဆိုထားတာရွိပါတယ္။

လက္ရွိမွာလည္း NUG နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိေနတယ္လို႔ AA အဖြဲ႕ ေျပာခြင့္ရ ခိုင္သုခက ဒီကေန႔သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

“NUGနဲ႔ ဆက္ဆံေရးကေတာ့ မဆိုးပါ။ က်ေနာ္တို႔က ဘယ္သူနဲ႔မဆို ရန္သူထက္ မိတ္ေဆြေတြကိုသာ ပိုၿပီးေတာ့ လိုလားပါတယ္။ ေတာ္လွန္ေရးဆင္ႏြဲတာကလည္း တိုင္းျပည္တည္ေဆာင္ခ်င္တဲ့ရည္႐ြယ္ခ်က္နဲ႔ လုပ္တာျဖစ္တဲ့အတြက္ မိတ္ေဆြေတြ အမ်ားႀကီးရွိေလ ေကာင္းေလပါပဲ။ ေလာေလာဆယ္ ဘယ္အေျခအေနမွာ မဆို ျမန္မာျပည္မွာ အမ်ိဳးသားလြတ္ေျမာက္ေရးအတြက္ တိုက္ပြဲဝင္ေနၾကတဲ့ အဖြဲ႕အစည္းေတြ အားလုံးနဲ႔ အဲဒီထဲမွာ ခုနကေျပာတဲ့ NUG၊ PDF ေတြ အပါအဝင္ အားလုံး မိတ္ေဆြအျဖစ္နဲ႔ ဆက္ဆံေနတာျဖစ္ပါတယ္။”

ဒါ့ျပင္ လက္ရွိေျမျပင္မွာလုပ္ေနတာနဲ႔ စစ္ေကာင္စီဘက္က ေျပာဆိုမႈေတြ မညီတာေၾကာင့္ AA အဖြဲ႕အေနနဲ႔ စစ္ေကာင္စီက ဖိတ္ေခၚတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကိုတက္ဖို႔ ျငင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ ရခိုင္ျပည္နယ္က ေနရာတခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္မွာ စစ္ေကာင္စီနဲ႔ AA အဖြဲ႕ၾကား တိုက္ပြဲျဖစ္ပြားခဲ့တာေတြရွိတယ္လို႔ AA ဘက္က ေျပာပါတယ္။

လက္ရွိမွာလည္း ရခိုင္ျပည္နယ္မွာ စစ္ေကာင္စီနဲ႔ AA အဖြဲ႕ၾကား စစ္ေရးတင္းမာေနသလို ထိပ္တိုက္ေတြ႕မႈေတြနဲ႔ ပတ္သတ္ၿပီး ၾကားခံေတြကေနတဆင့္ ေဆြးေႏြးေနေပမယ့္ ေဆြးေႏြးလို႔မရတဲ့အေျခအေနရွိေနတယ္လို႔လည္း AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခ က သတင္းစာရွင္းလင္းပြဲမွာ ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။

“လက္ရွိရခိုင္မွာ စစ္ေရးအရ ထိပ္တိုက္ေတြ႕တာေတြေတာ့ရွိတယ္လို႔ ေျပာရမယ္။ ဒါေပမယ့္ အဲဒီကိစၥေတြကို ၾကားခံေတြကေနတဆင့္ ညႇိႏႈိင္းေနတာေတြ ရွိပါတယ္။ ဒါေပမယ့္ ေျပာျပရေလာက္ေအာင္ ခရီးမေရာက္ဘူး။ ညႇိႏႈိင္းလို႔မရတဲ့ အေျခအေနတခုရွိေနတယ္လို႔ ေျပာလို႔ရပါတယ္။”

စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ ေျမျမဳပ္မိုင္းေတြ မၾကာခဏေပါက္ကြဲမႈေတြေၾကာင့္ ေဒသခံေတြ ေသဆုံး ဒဏ္ရာရတာေတြလည္း ရွိေနပါတယ္။ ဒီေန႔ မနက္ပိုင္းကလည္း ေျမပုံၿမိဳ႕နယ္၊ စညင္း စစ္ေဘးဒုကၡသည္စခန္းက ဒုကၡသည္ႏွစ္ဦး ေတာင္ေပၚကို မွ်စ္ခ်ိဳးဖို႔ သြားေရာက္စဥ္ မိုင္းေပါက္ကြဲတာေၾကာင့္ တဦးေသဆုံးၿပီး တဦးဒဏ္ရာရရွိခဲ့ပါတယ္။

လက္ရွိအေနအထားအရ ရခိုင္ျပည္နယ္မွာ စစ္ေကာင္စီနဲ႔ AA အဖြဲ႕ၾကား စစ္ေရးတင္း မာေနတာေၾကာင့္ စစ္ေကာင္စီဘက္ကလည္း အင္းအားျဖည့္တင္းတာေတြလုပ္ေဆာင္ေနသလို လုံၿခဳံေရး တင္းၾကပ္စစ္ေဆးတာေတြလည္း လုပ္ေဆာင္ေနပါတယ္။

ဒါ့အျပင္ စစ္ေကာင္စီဘက္ကလည္း AA တပ္ဖြဲ႕ဝင္ေတြအပါဝင္ AA အဖြဲ႕နဲ႔ ဆက္စပ္ သူေတြကို ဖမ္းဆီးမႈေတြရွိသလို AA အဖြဲ႕ဘက္ကလည္း စစ္ေကာင္စီတပ္သားေတြကို ဖမ္းဆီးထားတာေတြရွိတယ္လို႔ AA ဘက္ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

AA အဖွဲ့ထံ စစ်ကောင်စီတပ်သား ရာနဲ့ချီ ထွက်ပြေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်ဆံရေး ကောင်းမွန်နေတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဆီကို စစ်ကောင်စီတပ်သားတွေ ထွက်ပြေးလာတာ ရာနဲ့ချီရှိတယ်လို့ AA ဘက်က ပြောပါတယ်။ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွဲပွဲကို AA ဘက်ကငြင်းဆိုခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီနဲ့ AA အဖွဲ့တို့ စစ်ရေးတင်းမာနေပြီး ထိပ်တိုက် တွေ့မှုတွေလည်း ရှိနေတာပါ။ အခုလို စစ်ကောင်စီနဲ့ AA အဖွဲ့ရဲ့ ထိပ်တိုက်တွေ့မှုတွေကို ကြားခံတွေက ဝင်ရောက်ဆွေးနွေးနေပေမယ့် ဆွေးနွေးလို့မရတဲ့ အခြေအနေရှိနေတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ AA အဖွဲ့ ပြောခွင့်ရက ပြောသွားခဲ့တယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်က လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဆီကို စစ်ကောင် စီ တပ်သားတွေ ထွက်ပြေးလာတာ ရာနဲ့ချီရှိနေပြီး ထွက်ပြေးလာသူတွေကို ကူညီ စောင့်ရှောက်ပေးထားတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင် သုခက ဒီကနေ့ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“AA ဆီသို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ အရေအတွက်အားဖြင့် ရာနဲ့ချီပြီးတော့ ရှိပါတယ်။ အဲဒီလူတွေကို ကျနော်တို့က တတ်နိုင်သမျှ လူသားစာနာမှုအပြည့်နဲ့ ကူညီပေးနေတာရှိပါတယ်။ လူအရေအတွက် အတိအကျကိုတော့ ကျနော်တို့ ထုတ်ပြောဖို့မရှိပါ။ အဲဒီလို ထွက်ပြေးလာတဲ့လူတွေ ကျနော်တို့ဆီ ကို ရောက်လာတယ်ဆိုရင် အတတ်နိုင်ဆုံး အကောင်းဆုံး ကူညီတာတွေ၊ နေရာချပေးတာတွေ လုပ်ဆောင်ပေးနေပါတယ်။”

ရခိုင်လက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်ကောင်စီဘက်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG တို့ ပြီးခဲ့တဲ့ မေလအတွင်း က အွန်လိုင်းကနေ တွေ့ဆုံခဲ့ကြပြီး မြန်မာ့နိုင်ငံရေး အကြပ်အတည်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ AA ဘက်က ပြောဆိုထားတာရှိပါတယ်။

လက်ရှိမှာလည်း NUG နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“NUGနဲ့ ဆက်ဆံရေးကတော့ မဆိုးပါ။ ကျနော်တို့က ဘယ်သူနဲ့မဆို ရန်သူထက် မိတ်ဆွေတွေကိုသာ ပိုပြီးတော့ လိုလားပါတယ်။ တော်လှန်ရေးဆင်နွဲတာကလည်း တိုင်းပြည်တည်ဆောင်ချင်တဲ့ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တဲ့အတွက် မိတ်ဆွေတွေ အများကြီးရှိလေ ကောင်းလေပါပဲ။ လောလောဆယ် ဘယ်အခြေအနေမှာ မဆို မြန်မာပြည်မှာ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အစည်းတွေ အားလုံးနဲ့ အဲဒီထဲမှာ ခုနကပြောတဲ့ NUG၊ PDF တွေ အပါအဝင် အားလုံး မိတ်ဆွေအဖြစ်နဲ့ ဆက်ဆံနေတာဖြစ်ပါတယ်။”

ဒါ့ပြင် လက်ရှိမြေပြင်မှာလုပ်နေတာနဲ့ စစ်ကောင်စီဘက်က ပြောဆိုမှုတွေ မညီတာကြောင့် AA အဖွဲ့အနေနဲ့ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ဖို့ ငြင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်က နေရာတချို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်မှာ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိတယ်လို့ AA ဘက်က ပြောပါတယ်။

လက်ရှိမှာလည်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား စစ်ရေးတင်းမာနေသလို ထိပ်တိုက်တွေ့မှုတွေနဲ့ ပတ်သတ်ပြီး ကြားခံတွေကနေတဆင့် ဆွေးနွေးနေပေမယ့် ဆွေးနွေးလို့မရတဲ့အခြေအနေရှိနေတယ်လို့လည်း AA အဖွဲ့ပြောခွင့်ရ ခိုင်သုခ က သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

“လက်ရှိရခိုင်မှာ စစ်ရေးအရ ထိပ်တိုက်တွေ့တာတွေတော့ရှိတယ်လို့ ပြောရမယ်။ ဒါပေမယ့် အဲဒီကိစ္စတွေကို ကြားခံတွေကနေတဆင့် ညှိနှိုင်းနေတာတွေ ရှိပါတယ်။ ဒါပေမယ့် ပြောပြရလောက်အောင် ခရီးမရောက်ဘူး။ ညှိနှိုင်းလို့မရတဲ့ အခြေအနေတခုရှိနေတယ်လို့ ပြောလို့ရပါတယ်။”

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ မြေမြုပ်မိုင်းတွေ မကြာခဏပေါက်ကွဲမှုတွေကြောင့် ဒေသခံတွေ သေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။ ဒီနေ့ မနက်ပိုင်းကလည်း မြေပုံမြို့နယ်၊ စညင်း စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်နှစ်ဦး တောင်ပေါ်ကို မျှစ်ချိုးဖို့ သွားရောက်စဉ် မိုင်းပေါက်ကွဲတာကြောင့် တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား စစ်ရေးတင်း မာနေတာကြောင့် စစ်ကောင်စီဘက်ကလည်း အင်းအားဖြည့်တင်းတာတွေလုပ်ဆောင်နေသလို လုံခြုံရေး တင်းကြပ်စစ်ဆေးတာတွေလည်း လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း AA တပ်ဖွဲ့ဝင်တွေအပါဝင် AA အဖွဲ့နဲ့ ဆက်စပ် သူတွေကို ဖမ်းဆီးမှုတွေရှိသလို AA အဖွဲ့ဘက်ကလည်း စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးထားတာတွေရှိတယ်လို့ AA ဘက်ကပြောပါတယ်။
============

XS
SM
MD
LG