သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းတႏွစ္အတြင္း စစ္ေကာင္စီလက္ခ်က္နဲ႔ ၁,၅၀၃ ဦး ေသဆုံးခဲ့ - AAPP 


ရန္ကုန္၊ သာေကတမွာ စစ္အာဏာသိမ္းမႈဆန္႔က်င္ကန္႔ကြက္သူမ်ားကို လံုၿခံဳေရးရဲတပ္ဖြဲ႔ဝင္ေတြက ၿဖိဳခြဲေနတဲ့ျမင္ကြင္း။ (မတ္လ ၁၉ ၊ ၂၀၂၁)

[[Zawgyi/Unicode]]

မနက္ျဖန္ဆိုရင္ စစ္တပ္က ေ႐ြးေကာက္တင္ေျမႇာက္ခံ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ အစိုးရဆီက အာဏာသိမ္းလိုက္တာ တႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ ျဖစ္ပါတယ္။

ဇန္နဝါရီလ ၃၁ ရက္ေန႔ ထုတ္ျပန္တဲ့ AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕ ကိန္းဂဏန္းအရဆိုရင္ တႏွစ္အတြင္း စစ္ေကာင္စီလက္ခ်က္နဲ႔ အရပ္သား ၁,၅၀၃ ဦး ေသဆုံးခဲ့ၿပီး လူေပါင္း ၁၀,၀၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရပါတယ္။ စစ္ေကာင္စီကို ခုခံဆန႔္က်င္တဲ့ တိုက္ပြဲေတြေၾကာင့္ လူေပါင္း ၅ သိန္း နီးပါး အိုးအိမ္စြန႔္ခြာထြက္ေျပးၾကရတယ္လို႔ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔ေတြက ဆိုပါတယ္။ စစ္ေကာင္စီကေတာ့ ေအေအပီပီစာရင္းေတြနဲ႔ပတ္သက္ လို႔ ခ်ဲ႕ကားေျပာဆိုတယ္ဆိုၿပီး တု႔ံျပန္ေလ့ရွိပါတယ္။

'အျပစ္မဲ့ ျပည္သူေတြ ေသဆုံးခဲ့ၾကရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စစ္တပ္က သူတို႔ကို ရန္သူလို႔ သတ္မွတ္လို႔ပါ" လို႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Tom Andrews က ဆိုပါတယ္။ လုံးဝ ထိန္းခ်ဳပ္မႈမရဘဲ ရက္စက္ၾကမ္းၾကဳတ္တဲ့ စစ္အာဏာရွင္စနစ္ ျဖစ္တယ္လို႔ Australia ႏိုင္ငံ Lowy Institute က သုေတသီ Hervé Lemahieu က ေျပာပါတယ္။

ႀကီးမားတဲ့ လူထုကန႔္ကြက္ပြဲေတြနဲ႔ စစ္ေကာင္စီကို ေနရာအႏွံ႔က ျပည္သူေတြ ဆႏၵျပခဲ့ၾကၿပီး ႐ုံးမတက္၊ ႐ုန္းထြက္ဖို႔ ႀကိဳးစားၾကတဲ့ ဝန္ထမ္းသပိတ္ေၾကာင့္ အစိုးရယႏၲယားေတြ ခ်ိနည့္ သြားခဲ့ၾကပါတယ္။ ဘဏ္လုပ္ငန္းအေပၚ လူထု ယုံၾကည္မႈ မရွိသေလာက္ နီးနီး ျဖစ္သြားခဲ့ၿပီး ရပ္တန႔္သေလာက္နီးနီး ျဖစ္ခဲ့ပါတယ္။ စီးပြါးေရးပမာဏ ၁၈ % က်ဳံ႕သြားၿပီး စိုးရိမ္ရေလာက္ေအာင္ အားနည္းတဲ့ စီးပြါးေရး ျဖစ္သြားခဲ့တယ္လို႔ ကမာၻ႔ဘဏ္က ေျပာပါတယ္။ လူဦးေရ ၅၅ သန္းရဲ႕တဝက္ ဟာ ဆင္းရဲတြင္းထဲမွာ ေရာက္ေနတယ္လို႔လည္း ကမာၻ႔ဘဏ္က ဆိုပါတယ္။

ဒါဟာ ေပ်ာက္ဆုံးသြားမယ့္ အနည္းဆုံး ဆယ္စုတစု ျဖစ္သလို ေပ်ာက္ဆုံးသြားတဲ့ မ်ိဳးဆက္တဆက္လည္း ျဖစ္ပါတယ္လို႔ သုေတသီ Hervé Lemahieu က သုံးသပ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

စစ်အာဏာသိမ်းတနှစ်အတွင်း စစ်ကောင်စီလက်ချက်နဲ့ ၁,၅၀၃ ဦး သေဆုံးခဲ့ - AAPP

မနက်ဖြန်ဆိုရင် စစ်တပ်က ရွေးကောက်တင်မြှောက်ခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရဆီက အာဏာသိမ်းလိုက်တာ တနှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့ ထုတ်ပြန်တဲ့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ကိန်းဂဏန်းအရဆိုရင် တနှစ်အတွင်း စစ်ကောင်စီလက်ချက်နဲ့ အရပ်သား ၁,၅၀၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီကို ခုခံဆန့်ကျင်တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၅ သိန်း နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးကြရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေက ဆိုပါတယ်။ စစ်ကောင်စီကတော့ အေအေပီပီစာရင်းတွေနဲ့ပတ်သက် လို့ ချဲ့ကားပြောဆိုတယ်ဆိုပြီး တုံ့ပြန်လေ့ရှိပါတယ်။
'အပြစ်မဲ့ ပြည်သူတွေ သေဆုံးခဲ့ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က သူတို့ကို ရန်သူလို့ သတ်မှတ်လို့ပါ" လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ဆိုပါတယ်။ လုံးဝ ထိန်းချုပ်မှုမရဘဲ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ် ဖြစ်တယ်လို့ Australia နိုင်ငံ Lowy Institute က သုတေသီ Hervé Lemahieu က ပြောပါတယ်။
ကြီးမားတဲ့ လူထုကန့်ကွက်ပွဲတွေနဲ့ စစ်ကောင်စီကို နေရာအနှံ့က ပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး ရုံးမတက်၊ ရုန်းထွက်ဖို့ ကြိုးစားကြတဲ့ ဝန်ထမ်းသပိတ်ကြောင့် အစိုးရယန္တယားတွေ ချိနည့် သွားခဲ့ကြပါတယ်။ ဘဏ်လုပ်ငန်းအပေါ် လူထု ယုံကြည်မှု မရှိသလောက် နီးနီး ဖြစ်သွားခဲ့ပြီး ရပ်တန့်သလောက်နီးနီး ဖြစ်ခဲ့ပါတယ်။ စီးပွါးရေးပမာဏ ၁၈ % ကျုံ့သွားပြီး စိုးရိမ်ရလောက်အောင် အားနည်းတဲ့ စီးပွါးရေး ဖြစ်သွားခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ လူဦးရေ ၅၅ သန်းရဲ့တဝက် ဟာ ဆင်းရဲတွင်းထဲမှာ ရောက်နေတယ်လို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
ဒါဟာ ပျောက်ဆုံးသွားမယ့် အနည်းဆုံး ဆယ်စုတစု ဖြစ်သလို ပျောက်ဆုံးသွားတဲ့ မျိုးဆက်တဆက်လည်း ဖြစ်ပါတယ်လို့ သုတေသီ Hervé Lemahieu က သုံးသပ်ပါတယ်။

MyanmarMilitaryCoup #MyanmarViolence #MyanmarArrest #VOABurmese #အာဏာသိမ်းတနှစ်ပြည့် #စစ်ကောင်စီ #ရုံးမတက်နဲ့ရုန်းထွက် #ဗွီအိုအေ #AAPP #TomAndrews

=============

XS
SM
MD
LG