သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း





စစ်တပ်ပိုင် မြဝတီရုပ်သံကနေ တနင်္လာနေ့ နံနက်ခင်းပိုင်းမှာ ကြေညာသွားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်မှာ - ကာကွယ်ရေးဦးစီးချုပ်ကို တနှစ်ကြာ နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်းပေးအပ်မယ်လို့ ဖေါ်ပြထားပါတယ်။


[Unicode Version]

စစ်အာဏာသိမ်းမှုအပေါ် AAPP ကိုဘိုကြည်နဲ့ မေးမြန်းချက်

စစ်တပ်ရဲ့ နိုင်ငံတော်အာဏာသိမ်းယူတဲ့ လုပ်ရပ်ကြောင့် တိုင်းပြည်ရဲ့ ကံကြမ္မာအလွန်စိုးရိမ်ဖို့ကောင်းကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဗွီအိုအေကို ပြောပါတယ်။

စစ်တပ်ပိုင် မြဝတီရုပ်သံကနေ တနင်္လာနေ့ နံနက်ခင်းပိုင်းမှာ ကြေညာသွားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်မှာ - ကာကွယ်ရေးဦးစီးချုပ်ကို တနှစ်ကြာ နိုင်ငံတော်အာဏာအရပ်ရပ်ကို လွဲှပြောင်းပေးအပ်မယ်လို့ ဖေါ်ပြထားပါတယ်။

အခုလို မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာထိန်းသိမ်းလိုက်တဲ့ အပေါ် အကျိုးဆက် ရိုက်ခတ်မှုတွေ ဘာတွေဖြစ်လာမလဲ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေ၊ လွှတ်တော်အမတ်တွေကိုသာမက လူထုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်တွေ၊ လှုပ်ရှားတက်ကြွသူတွေကိုပါ စစ်တပ်က အစုလိုက် အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဘာကြောင့်လဲ။ အေအေပီပီ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG