{Zawgyi/Unicode}
ဒီႏွစ္အတြက္ စာေပႏိုဘဲလ္ဆုကို တန္ဇန္းနီးယားႏိုင္ငံကေန ယူေကႏိုင္ငံမွာ ေ႐ႊ႕ေျပာင္းေနထိုင္တဲ့ စာေရးဆရာႀကီး Abdulrazak Gurnah က ရသြားပါတယ္။
အၿငိမ္းစားမယူမီအထိ University of Kent မွာ သူက စာေပပါေမာကၡ လုပ္ခဲ့တာပါ။ အဂၤလိပ္နဲ႔ ကိုလိုနီေခတ္လြန္ စာေပဆိုင္ရာဘာသာရပ္ကို သင္ျပပါတယ္။
စာေရးဆရာႀကီး ဂါးနားဟာ အာဖရိကနဲ႔ ဥေရာပတိုက္ေတြရဲ႕ ယဥ္ေက်းမႈအမ်ိဳးမ်ိဳးမွာ သူ႔ ဘဝကို ဒုကၡသည္အျဖစ္ ျဖတ္သန္းခဲ့ရတဲ့ စာေရးဆရာႀကီးလည္း ျဖစ္ပါတယ္။ တန္ဇန္းနီးယားႏိုင္ငံ၊ အိႏၵိယသမုဒၵရာထဲက ဇန္ဇီဘာကြၽန္းမွာ ေမြးခဲ့ပါတယ္။ ၿဗိတိသွ်ကိုလိုနီလက္ေအာက္ကေန ၁၉၆၃ ခုႏွစ္ မွာ လြတ္ေျမာက္လာခဲ့ၿပီးတဲ့အခါမွာေတာ့ ေတာ္လွန္ေရးတရပ္နဲ႔ ႀကဳံခဲ့ရကာ စာေရးဆရာႀကီး ဂါနားတို႔ရဲ႕ မ်ိဳးႏြယ္စုဟာ အဖိႏွိပ္ခံခဲ့ၾကရပါတယ္။ အစုလိုက္အၿပဳံလိုက္ အသတ္ခံရၿပီးတဲ့ေနာက္မွာ တိုင္းျပည္က ထြက္ေျပးခဲ့ၾကရာက ယူေကကို ေရာက္သြားခဲ့ရတာပါ။
ဒါေၾကာင့္ သူ႔ ဇာတ္ေကာင္ေတြရဲ႕ စ႐ိုက္မွာ ဘဝေဟာင္းနဲ႔ အဲဒီ ဘဝေဟာင္းထဲက ထြက္ေပၚလာတဲ့ ဘဝအသစ္ အေၾကာင္းေတြနဲ႔ ယဥ္ေက်းမႈအေၾကာင္းေတြကို ဂ႐ုဏာ စာနာစိတ္ ႀကီးမားစြာနဲ႔ ေရးဖြဲ႔ခဲ့တာ ေတြ႔ရတယ္လို႔ ဆုေ႐ြးခ်ယ္ေရးေကာ္မီတီက သုံးသပ္ထားပါတယ္။
=======
{Unicode}
၂၀၂၁ စာပေနိုဘဲလ်ဆု တန်ဇန်းနီးယား စာရေးဆရာ Abdulrazak Gurnah ရရှိ
ဒီနှစ်အတွက် စာပေနိုဘဲလ်ဆုကို တန်ဇန်းနီးယားနိုင်ငံကနေ ယူကေနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်တဲ့ စာရေးဆရာကြီး Abdulrazak Gurnah က ရသွားပါတယ်။
အငြိမ်းစားမယူမီအထိ University of Kent မှာ သူက စာပေပါမောက္ခ လုပ်ခဲ့တာပါ။
အင်္ဂလိပ်နဲ့ ကိုလိုနီခေတ်လွန် စာပေဆိုင်ရာဘာသာရပ်ကို သင်ပြပါတယ်။
စာရေးဆရာကြီး ဂါးနားဟာ အာဖရိကနဲ့ ဥရောပတိုက်တွေရဲ့ ယဉ်ကျေးမှုအမျိုးမျိုးမှာ သူ့ ဘဝကို ဒုက္ခသည်အဖြစ် ဖြတ်သန်းခဲ့ရတဲ့ စာရေးဆရာကြီးလည်း ဖြစ်ပါတယ်။ တန်ဇန်းနီးယားနိုင်ငံ၊ အိန္ဒိယသမုဒ္ဒရာထဲက ဇန်ဇီဘာကျွန်းမှာ မွေးခဲ့ပါတယ်။ဗြိတိသျှကိုလိုနီလက်အောက်ကနေ ၁၉၆၃ ခုနှစ် မှာ လွတ်မြောက်လာခဲ့ပြီးတဲ့အခါမှာတော့ တော်လှန်ရေးတရပ်နဲ့ ကြုံခဲ့ရကာ စာရေးဆရာကြီး ဂါနားတို့ရဲ့ မျိုးနွယ်စုဟာ အဖိနှိပ်ခံခဲ့ကြရပါတယ်။ အစုလိုက်အပြုံလိုက် အသတ်ခံရပြီးတဲ့နောက်မှာ တိုင်းပြည်က ထွက်ပြေးခဲ့ကြရာက ယူကေကို ရောက်သွားခဲ့ရတာပါ။
ဒါကြောင့် သူ့ ဇာတ်ကောင်တွေရဲ့ စရိုက်မှာ ဘဝဟောင်းနဲ့ အဲဒီ ဘဝဟောင်းထဲက ထွက်ပေါ်လာတဲ့ ဘဝအသစ် အကြောင်းတွေနဲ့ ယဉ်ကျေးမှုအကြောင်းတွေကို ဂရုဏာ စာနာစိတ် ကြီးမားစွာနဲ့ ရေးဖွဲ့ခဲ့တာ တွေ့ရတယ်လို့ ဆုရွေးချယ်ရေးကော်မီတီက သုံးသပ်ထားပါတယ်။
#NobelLiterature #NobelPrize #voaburmese #စာပေနိုဘဲလ်ဆု #ဗွီအိုအေမြန်မာပိုင်း