မြန်မာအစိုးရနဲ့ မနှစ်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော်အနေနဲ့ သူတိုရဲ့ဦးတည်ချက်ဖြစ်တဲ့ စစ်အာဏာရှင် စနစ်အောက်က ပြည်သူလူထုလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ဖယ်ဒရယ်တည် ဆောက်ရေး စတာတွေကို အပြည့်အဝ မရရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။ ABSDF ထူထောင်ပြီး ၂၅ နှစ် အကြာမှာကျင်းပတဲ့ ဆယ်ကြိမ်မြောက်ညီလာခံမှာ အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မတ်လ (၇) ရက်နေ့ကစပြီး ထိုင်း-မြန်မာ နယ်စပ် ဒေါင်းတမန်စခန်းမှာ ကျောင်းသားတပ်မတော်ရဲ့ ညီလာခံကို စတင်ခဲ့ပါတယ်။
“(က) ကျနော်တို့ နိုင်ငံရေးအစီရင်ခံစာ တင်ပြအစီရင်ခံခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းနဲ့ အတည်ပြုခြင်း ဖြစ်ပါတယ်။ နံပါတ် (၂) ကတော့ ဗဟိုလုပ်ငန်းကော်မတီ အစီရင်ခံစာ တင်ပြအစီရင်ခံခြင်း…”
၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဆောင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ တောခိုသွားခဲ့ကြတဲ့ ကျောင်းသားတွေဟာ တိုင်းရင်းသားနယ်မြေအသီးသီးမှာ အခြေခံ စခန်းတွေဖွင့်ပြီး တိုင်းရင်းသားတွေနဲ့အတူ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ၂၅ နှစ်ကြာ တိုင်းရင်းသားတွေနဲ့အတူ တိုက်ပွဲပေါင်းများစွာကို အတူ တိုက်ခဲ့ပြီး ကျောင်းသားစစ်သည်တွေဟာ ရာနဲ့ချီပြီး ကျဆုံးခဲ့ကြရတာပါ။ မကြာသေးခင်က မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ကာလကိုမှာတော့ တိုင်းရင်းသား အဖွဲ့တွေဟာလည်း မြန်မာအစိုးရနဲ့အပစ်ခတ်ရပ်စဲရေးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲခဲ့ကြပါတယ်။
ဒီ့နောက်မှာတော့ တိုင်းရင်းသားနယ်မြေမှာ အခြေပြုလှုပ်ရှားနေတဲ့ ကျောင်းသားတပ်မတော်လည်း မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ အပစ်အခပ်ရပ်စဲရေးတွေကို စတင်ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် ၂၅ နှစ်ကာလအတွင်းမှာသူတို့ရဲ့ဦးတည်ချက်တွေ ပြည့်စုံခြင်းမရှိသေးဘူးလို့ ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောပါတယ်။
“၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက မွေးဖွားခဲ့တဲ့ ကျောင်းသားတပ်မတော် ရဲဘော်တွေဟာ ဒီဘဝ တဝက်ကျော်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲတွေထဲမှာ ပေးဆပ်ခဲ့ပြီး ဖြစ်ပါတယ်။ အခု ကျနော်တို့လိုချင်တဲ့ စစ်အာဏာရှင်စနစ်အောက်က အဖိနှိပ်ခံလူထု လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဆိုတာ မရောက်ရှိသေးပါဘူး။”
မြန်မာအစိုးရနဲ့ ကျောင်းသားတပ်မတော်ကြားမှာ အပစ်အခပ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပေမယ့် မြန်မာပြည်အရေးဟာ ၂ ဖွဲ့တည်း ဆောင်ရွက်လို့ ရတာမျိုးမဟုတ်ဘဲ နိုင်ငံရေးအင်အားစုတွေ စုပေါင်း လုပ်ဆောင်ရမယ်လို့လည်း သူကဆိုပါတယ်။
“ကျောင်းသားတပ်မတော်နဲ့ အစိုးရကြားမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပေမယ့် တကယ့်အရင်းခံ ပြဿနာတွေကို ဖြေရှင်းဖို့ဟာတော့ နှစ်ဖွဲ့တည်းနဲ့ လုံးဝမဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ယူဆပါတယ်။ တတိုင်းပြည်လုံးလိုအပ်တဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးတွေ ဒါတွေအားလုံးကို အခြားသော အင်အားစုတွေ၊ လွတ်မြောက်နယ်မြေမှာ ကျနော်တို့နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ်စုဖွဲ့ ချီတက်လုပ်နိုင်ရေးဆိုတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။”
၂၅ နှစ်ကာလအတွင်း ပြန်ကျဲနေတဲ့အင်အားစုတွေကို ပြန်လည်စုစည်းပြီး အဖွဲ့အစည်းအတွင်းမှာ ကျစ်လျစ် ခိုင်မာအောင် ဆောင်ရွက်သွားရမယ့်အချက်တွေကိုလည်း ပြောသွားပါတယ်။
“အထူးသဖြင့်ကတော့ ကျနော်တို့ ဗဟိုကော်မတီအနေနဲ့ အဖွဲ့အစည်း ပြန်လည်တည်ဆောက်ရေး၊ ကျနော်တို့အဖွဲ့ဟာ ၂၅ နှစ်တာ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ အင်အားအရလည်းကောင်း၊ အရေအတွက်အရ လည်းကောင်း၊ နောက်တစ်ခုကတော့ ရုပ်ဝတ္ထုပစ္စည်းတွေအရလည်းကောင်း၊ နောက်တခုကတော့ ကျနော်တို့တတွေမှာ တစ်ဦးချင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းဆိုင်ရာ အရည်အချင်းမြှင့်တင်ရေးတွေကို လုပ်ကြရမှာဖြစ်ပါတယ်။
ရှေ့ဆက်ပြီးတော့မှ အလုပ်လုပ်မယ့်နေရာမှာ ရှိသင့်ရှိထိုက်တဲ့ အဖွဲ့အစည်းရဲ့ အရည်အချင်းပိုင်းဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းစဉ်တွေဟာ ကျနော်တို့ရဲ့ အရေးအကြီးဆုံးဖြစ်တယ်၊ နောက် ကျနော်တို့ရဲ့ စုစည်းညီညွတ်မှုတွေကို ကျနော်တို့ ပြန်လည်ပြီးတော့မှ တည်ဆောက်မယ်၊ ဒါကို ပထမဦးစားပေး လုပ်ငန်းစဉ်အဖြစ် ချမှတ်ထားတယ်။ ကျနော်တို့အားလုံးဟာ ဒီ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး၊ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် ပပျောက်ရေး ဆိုတဲ့ဦးတည်ချက်တွေ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက်တွေ- ဒီဦးတည်ချက်တွေ ရရှိဖို့အတွက် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ ရရှိနိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။”
ညီလာခံကို ထိုင်းမြန်မာနယ်စပ်တနေရာ ဒေါင်းတမန်စခန်းမှာကျင်းပခဲ့ပြီး ရာဂဏန်းရှိတဲ့ ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးနေကြပါတယ်။ မတ်လ ၇ ရက်နေ့က မတ်လ ၁၃ ရက်လောက်ထိ ကြာမြင့်မယ်လို့ ဆိုပါတယ်။
ကျောင်းသားတပ်မတော်ရဲ့ ၂၅ နှစ်တာကာလမှာတော့ တိုင်းရင်းသားနယ်မြေတွေ အတွင်းမှာ တိုက်ပွဲတွေကြောင့်ကျဆုံးတာ ငှက်ဖျားနဲ့ တခြားရောဂါတွေကြောင့် ကျဆုံးကြတာ တိုင်းရင်းသားလူမျိုးတွေကြားမှာ လူမျိုးရေးအရေး အမြင်ကြည်လင်မှုမရှိဘဲ နားလည်မူလွဲခဲ့တဲ့အတွက် သတ်ဖြတ်ခံခဲ့ရတာ ကျောင်းသား အချင်းချင်းကြားမှာလည်း စွပ်စွဲမှု၊ သံသယတွေနဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်တွေအတွက်လည်း ကျောင်းသားတပ်မတော်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး အဖြေရှာဖို့ ကြိုးစားနေကြပါတယ်။
ကျောင်းသားတပ်မတော်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ တည်ထောင်ခဲ့ချိန်မှာ တပ်သားအင်အား သောင်းနဲ့ချီရှိခဲ့တာပါ။ အခု ၂၅ နှစ်တာကာလမှာတော့ အင်အား ရာဂဏန်းလောက်ပ ဲလှုပ်ရှားနိုင်ကြပါတော့တယ်။ နိုင်ငံတကာမှာတော့ ရဲဘော်ဟောင်းတွေကတော့ ဌာနခွဲတွေ ဖွင့်ပြီး ပြည်တွင်းနဲ့ နယ်စပ်တွေမှာ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးတာမျိုးတွေနဲ့ နိုင်ငံတကာမှာ မြန်မာ ဒီမို ကရေစီရေး လှုပ်ရှားမှုတွေမှာတော့ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်ရှင်။