၂၀၁၄ နှစ်သစ်ကူးနေ့မှာ ကမ္ဘာတဝှမ်း ဥပဒေသစ်တွေ စတင် အာဏာသက်ရောက်မှာဖြစ်ပြီး၊ တချို့တို့က အတည်ပြုခဲ့တဲ့ နိုင်ငံတွေရဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အကျုံးဝင်မှာဖြစ်သလို တချို့ဥပဒေတွေကတော့ အတည်ပြုတဲ့ ရပ်ကွက် လူ့အဖွဲ့အစည်းနဲ့သာ သက်ဆိုင်မှာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာကျရောက်တဲ့ ၂၀၁၄ ဇန်နဝါရီလ ၁ ရက်နေ့မှာ Latvia ဟာ ဥရောပယူရိုငွေ အသုံးဆုံးနယ်မြေမှာ ပါဝင်တဲ့ ၁၈ ခုမြောက် နိုင်ငံဖြစ်လာပါလိမ့်မယ်။ ဆွစ်ဇာလန်နိုင်ငံမှာတော့ ကားမောင်းသမားတွေဟာ နေ့ခင်းမှာတောင် ကားမီးထွန်းပြီး မောင်းကြရမှာဖြစ်ပါတယ်။
ကနေဒါမှာတော့ မီတာအသုံးများတဲ့ လမ်းချိုးသုံး ဘတ်သီး မီးလုံးတွေကို အသုံးပြုမှု ပိတ်ပင်ထားပါတယ်။ Botswana မှာတော့ ဆင်တောလိုက် သတ်ဖြတ်တာကို ပိတ်ပင်ထားပါတယ်။ တရုတ်နိုင်ငံမှာတော့ တိုင်ဝမ်ကို တရုတ်ကမ္ဘာလှည့်ခရီးသွားတွေ ပိုမို ခရီးသွားလာရ လွယ်ကူတော့မှာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာတော့ ကိုးကွယ်တဲ့ဘာသာ မရှိမှုကို တရားဝင် လက်ခံလိုက်ပြီဖြစ်ပါတယ်။ ဟန်ဂေရီမှာတော့ သိပ်ဆင်းရဲသူတွေ သေဆုံးရင် နိုင်ငံတော်က မြေမြှုပ်ရာမှာ နေရာပေးတာ၊ အခေါင်း ဒါမှမဟုတ် အရိုးအိုးကို အခမဲ့ ပေးမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ ကော်လိုရာဒိုမှာ ဆေးဝါးကုသမှုအတွက် ဆေးခြောက်ကိုရောင်းချခွင့် တရားဝင် ရရှိမှာဖြစ်ပါတယ်။ အော်ရဂွန်မှာတော့ ကလေးငယ်များပါတဲ့ကားမှာ ဆေးလိပ်သောက်မှုကို ပိတ်ပင်ထားပါတယ်။
နှစ်သစ်ကူး ၂၀၁၄ ကစလို့ သမ္မတ ဘရက်ခ် အိုဘားမားရဲ့ နိုင်ငံတဝှမ်း ကျန်းမာရေး ပြုစုစောင့်ရှောက်မှုဥပဒေ စတင် အာဏာသက်ရောက်မှာဖြစ်ပြီး အမေရိကန်နိုင်ငံသား သန်းနဲ့ချီပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှု အာမခံသစ်ကို ခံစားခွင့်ရကြတော့မှာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံသားတွေအတွက်လည်း ၂၀၁၄ ခုနှစ်ကစလို့ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားများအဖြစ် ၁၄ ရက်ကြာ ဗီဇာမလိုဘဲ လာရောက်နိုင်ကြမှာဖြစ်ပါတယ်။