သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟတီ ယာယီဝန္ႀကီးခ်ဳပ္ ႏႈတ္ထြက္မည္


ေဟတီႏိုင္ငံရဲ႕ ယာယီဝန္ႀကီးခ်ဳပ္ Claude Joseph

ေဟတီႏိုင္ငံရဲ႕ ယာယီဝန္ႀကီးခ်ဳပ္ Claude Joseph က ႏိုင္ငံေရးအရ သူ႔ကိုစိန္ေခၚသူလည္းျဖစ္ ႏိုင္ငံတကာရဲ႕ ေထာက္ခံမႈပိုမိုရရွိထားသူအတြက္ အခြင့္အလမ္းရရွိေစဖို႔ သူ႔အေနနဲ႔ ရာထူးကေနႏုတ္ထြက္မယ့္အေၾကာင္း မေန႔ တနလၤာေန႔က ေျပာၾကားလိုက္ပါတယ္။


ဇူလိုင္လ (၇)ရက္ေန႔မွာ ေဟတီသမၼတ Jovenel Moise လုပ္ႀကံခံရၿပီးကတည္းက ယာယီဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္ေနတဲ့ Claude Joseph က သူ႔အေနနဲ႔ ရာထူးကေန ႏုတ္ထြက္ေတာ့မွာျဖစ္ေၾကာင္း Washington Post သတင္းစာႀကီးကို ေျပာၾကားခဲ့တာပါ။ သူ႔ေနရာမွာ အသက္ (၇၁)ႏွစ္အ႐ြယ္ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာအထူးကု ခြဲစိတ္ဆရာဝန္ႀကီး Ariel Henry က တာဝန္ယူမွာျဖစ္ပါတယ္။

ဒီလိုႏိုင္ငံေရး အခင္းအက်င္းမ်ိဳးကို သူ႔အေနနဲ႔ စိတ္မဝင္စားဘူးဆိုတာ သူ႔ကိုသိတဲ့သူတိုင္း သိၾကတယ္လို႔ ယာယီဝန္ႀကီးခ်ဳပ္ Joseph က Washington Post သတင္းစာကို ေျပာၾကားခဲ့ပါတယ္။ သူဟာ လုပ္ႀကံခံရတဲ့ သူငယ္ခ်င္းျဖစ္သူ သမၼတအတြက္ တရားမွ်တမႈရရွိဖို႔ကိုပဲ စိတ္ဝင္စားေၾကာင္း Joseph ကေျပာခဲ့ပါတယ္။ ဒါေပမဲ့ ဘယ္အခ်ိန္မွာ သူႏုတ္ထြက္မလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။


ေစ့စပ္ညႇိဳႏႈိင္းမႈေတြ ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း ေဟတီေ႐ြးေကာက္ပြဲဆိုင္ရာ ဝန္ႀကီး Mathias Pierre ကေျပာပါတယ္။ ဒါအျပင္ Joseph ဟာ ႏိုင္ငံျခားေရးဝန္ႀကီး ျပန္ၿပီးျဖစ္လာဖို႔ရွိတယ္လို႔လည္း သူကဆိုပါတယ္။

သမၼတ Moiseဟာ Port-au-Prince မွာရွိတဲ့ သူရဲ႕အိမ္ကို လုပ္ၾကံသူေတြ၀င္ေရာက္စီးနင္းခ်ိန္မွာ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရတာျဖစ္ပါတယ္။

ေဟတီ ယာယီဝန္ႀကီးခ်ဳပ္ ႏႈတ္ထြက္မည္
please wait

No media source currently available

0:00 0:00:56 0:00
တိုက္႐ိုက္ လင့္ခ္

---------------------------------------------

ဟေတီ ယာယီဝန်ကြီးချုပ် နှုတ်ထွက်မည်

ဟေတီနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ် Claude Joseph က နိုင်ငံရေးအရ သူ့ကိုစိန်ခေါ်သူလည်းဖြစ် နိုင်ငံတကာရဲ့ ထောက်ခံမှုပိုမိုရရှိထားသူအတွက် အခွင့်အလမ်းရရှိစေဖို့ သူ့အနေနဲ့ ရာထူးကနေနုတ်ထွက်မယ့်အကြောင်း မနေ့ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။


ဇူလိုင်လ (၇)ရက်နေ့မှာ ဟေတီသမ္မတ Jovenel Moise လုပ်ကြံခံရပြီးကတည်းက ယာယီဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ Claude Joseph က သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်တော့မှာဖြစ်ကြောင်း Washington Post သတင်းစာကြီးကို ပြောကြားခဲ့တာပါ။ သူ့နေရာမှာ အသက် (၇၁)နှစ်အရွယ် ဦးနှောက်နဲ့ အာရုံကြောအထူးကု ခွဲစိတ်ဆရာဝန်ကြီး Ariel Henry က တာဝန်ယူမှာဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေး အခင်းအကျင်းမျိုးကို သူ့အနေနဲ့ စိတ်မဝင်စားဘူးဆိုတာ သူ့ကိုသိတဲ့သူတိုင်း သိကြတယ်လို့ ယာယီဝန်ကြီးချုပ် Joseph က Washington Post သတင်းစာကို ပြောကြားခဲ့ပါတယ်။ သူဟာ လုပ်ကြံခံရတဲ့ သူငယ်ချင်းဖြစ်သူ သမ္မတအတွက် တရားမျှတမှုရရှိဖို့ကိုပဲ စိတ်ဝင်စားကြောင်း Joseph ကပြောခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ သူနုတ်ထွက်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။


စေ့စပ်ညှိုနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဟေတီရွေးကောက်ပွဲဆိုင်ရာ ဝန်ကြီး Mathias Pierre ကပြောပါတယ်။ ဒါအပြင် Joseph ဟာ နိုင်ငံခြားရေးဝန်ကြီး ပြန်ပြီးဖြစ်လာဖို့ရှိတယ်လို့လည်း သူကဆိုပါတယ်။
သမ္မတ Moiseဟာ Port-au-Prince မှာရှိတဲ့ သူရဲ့အိမ်ကို လုပ်ကြံသူတွေဝင်ရောက်စီးနင်းချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

------------------------------------------------

XS
SM
MD
LG