သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားဗတ်တက္ကသိုလ်ဝင်ခွင့် မျှတမှုမရှိဟု တက်ကြွလှုပ်ရှားသူတွေတရားစွဲ


ဟားဗတ်တက္ကသိုလ်ကျောင်းဝင်း
ဟားဗတ်တက္ကသိုလ်ကျောင်းဝင်း

ဟားဗတ်တက္ကသိုလ် ကျောင်းဝင်ခွင့် ဆုံးဖြတ်ရာမှာ လူဖြူ ကျောင်းသားဟောင်း အများစုရဲ့ မျိုးဆက် အစဥ်အဆက်တွေကို ဦးစားပေးတဲ့ ကျောင်းဝင်ခွင့်က တခြားလူနည်းစု ကျောင်းသားတွေ အပေါ် တရာမျှတမှုမရှိဘူးဆိုပြီး ပြည်သူ့အခွင့်အရေးတောင်းဆိုလှုပ်ရှားတဲ့ဥပဒေအဖွဲ့တဖွဲ့က တရားစွဲဆို လိုက်ပါတယ်။ ဘော်စတွန်အခြေစိုက် အကျိုးအမြတ်မယူတဲ့ ရှေ့နေများအဖွဲ့က နယူးအင်္ဂလန်က လူမည်းနဲ့လက်တင်အမေရိက နွယ်ဖွားတွေကိုယ်စား ဟားဗတ်ရဲ့ ဝင်ခွင့်စနစ်က နိုင်ငံသားအခွင့်အရေး အက်ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲကာ တရားစွဲဆိုလိုက်တာပါ။

“အရင်မျိုးဆက်ကတည်းက ရရှိလာတဲ့ အခွင့်ထူးတွေနဲ့ အကျိုးကျေးဇူးတွေကို လက်ရှိ ကလေးတွေ အထိ ဘာလို့ ဆက်ချီးမြှင့်တာလဲ" လို့ အဖွဲ့ ရဲ့ အမှုဆောင်ဒါရိုက်တာ Ivan Espinoza-Madrigal က မေးခွန်းထုတ်ပြီး "မိသားစုနောက်ခံနဲ့ ချမ်းသာကြွယ်ဝမှုက ကောလိပ်ဝင်ခွင့်လုပ်ငန်းစဉ်မှာ တိုင်းတာစရာ မဟုတ်သလို သက်ရောက်မှုမရှိသင့်ဘူး" လို့ ထောက်ပြပါတယ်။

အရင်သီတင်းပတ်က တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် တက္ကသိုလ်နဲ့ ကောလိပ်ဝင်ခွင့်တွေမှာ အားနည်းတဲ့ လူနည်းစု လူအုပ်စုတွေဝင်တွေကို ဦးစားပေး စဥ်းစားတဲ့ ကျောင်းဝင်ခွင့် စနစ် အဆုံးသတ်ပြီးနောက်မှာ ဒါကို ဆန့်ကျင်တဲ့ အနေနဲ့ တန်ပြန်လာတဲ့ ကန့်ကွက်မှုတွေလည်း ဖြစ်ပါတယ်။

ဆွေစဥ်မျိုးဆက် ဦးစားပေးတဲ့ စနစ်ကို တန်ပြန်ချိန်ခွင်လျှာညှိတဲ့ လူနည်းစု ဦးစားပေးတဲ့ စနစ်က တရားရုံး ချုပ် ဆုံးဖြတ်ချက်ကြောင့် ဆက်လက်မရှိနိုင်တော့တာ ကြောင့်ဒီ ကျောင်းသားဟောင်း မိသားစုတွေကို ဦးစားပေးတဲ့ စနစ်ကိုထောက်ပြလာကြတာပါ။ ကောလိပ်တွေအနေနဲ့ လျှောက်ထားသူတွေရဲ့ မိသားစု မျိုးနွယ်စုကို လျစ်လျူရှုရမယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြပေမယ့် ကျောင်းတွေဟာ ကျောင်းသားဟောင်းတွေနဲ့ အလှူရှင်တွေရဲ့ သားသမီးများကို ဦးစားပေးနေဆဲ ဖြစ်ပါတယ်။

နောက်ထပ်သီးခြား လှုပ်ရှားမှုတခုအနေနဲ့ ဂုဏ်သိက္ခာရှိနာမည်ကြီး ကောလိပ်ကျောင်း ၃၀ အနေနဲ့ ကျောင်းသားဟောင်းတွေရဲ့ မျိုးဆက်သစ်တွေကို ဦးစားပေးတဲ့စနစ်ကျင့်သုံးတာကိုမရပ်မချင်း အလှူလက်ခံတာမျိုးတွေ ရပ်ဖို့လည်း တိုက်တွန်းထားပါတယ်။ Ed Mobilizer လို့ခေါ်တဲ့ အဖွဲ့က ဦးဆောင်တဲ့ဒီ လှုပ်ရှားမှုကလည်း ဟားဗတ်နဲ့ တခြား နာမည်ကြီး Ivy League ကျောင်းတွေ ကို ပစ်မှတ်ထား တောင်းဆိုနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG