သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယ Adaniကုမၸဏီရဲ႕ျမန္မာႏိုင္ငံကုန္ေသတၱာဆိပ္ကမ္းစီမံကိန္းဖ်က္သိမ္း


အိႏၵိယ အဒါနီကုမၸဏီ

{{Zawgyi/Unicode}}

အိႏိၵယႏုိင္ငံအေျခစိုက္ Adani ဆိပ္ကမ္းမ်ားကုမၸဏီက ျမန္မာႏိုင္ငံမွာ ကုန္ေသတၱာ အတင္အခ် ဆိပ္ကမ္းတခု တည္ေဆာက္ဖို႔စီမံကိန္းကို ဖ်က္သိမ္းေတာ့မယ္လုိ႔ ဒီကေန႔ေျပာပါတယ္။

အေမရိကန္က ဒဏ္ခတ္အေရးယူထားတဲ့ ျမန္မာႏုိင္ငံမွာလုပ္မယ့္ ဒီစီမံကိန္းဟာ ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးမႈေတြကို ခ်ဳိးေဖာက္တာမရွိဘူးလို႔ ယံုၾကည္တယ္ဆိုၿပီး အေမရိကန္ကခ်ေပးတဲ့ လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ရဖို႔ ေလွ်ာက္ခဲ့ၿပီးတဲ့ေနာက္ သီတင္းပတ္အေတာ္အၾကာမွာ စီမံကိန္းရပ္မယ့္အေၾကာင္း ေၾကညာလိုက္တာပါ။

"အေျခအေနကို ဆန္းစစ္သံုးသပ္ၿပီးတဲ့ေနာက္ ရင္းႏွီးျမွဳပ္ႏွံမႈကို လႊဲေျပာင္းေရာင္းခ်ေရး အခြင့္အလမ္းေတြအပါအဝင္ ျမန္မာႏုိင္ငံမွာ ကုမၸဏီရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈရုပ္သိမ္းေရး အစီအစဥ္တရပ္ကို လုပ္ေဆာင္ဖို႔ ကုမၸဏီရဲ႕ စြန္႔စားလုပ္ေဆာင္မႈဆိုင္ရာ စီမံခန္႔ခြဲေရးေကာ္ မတီက ဆံုးျဖတ္ခဲ့တယ္" လို႔ Adani ကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားေပမယ့္ အေၾကာင္းရင္း အတိအက်ကိုေတာ့ ေျပာမထားပါဘူး။

ေနာက္ႏွစ္ မတ္လနဲ႔ ဇြန္လၾကားမွာ ျမန္မာႏုိင္ငံကေန အၿပီးတုိင္ရုပ္သိမ္းမယ္လုိ႔ ခန္႔မွန္းထားေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကုန္ေသတၱာဆိပ္ကမ္းကို လည္ပတ္လုပ္ေဆာင္ခြင့္ရေရး လုပ္ငန္းလိုင္စင္ခ်ေပးဖို႔ အေမရိကန္၊ ျပည္ပပိုင္ဆိုင္မႈထိန္းခ်ဳပ္ေရးရံုး (OFAC) မွာ တင္ျပထားေၾကာင္း Adani ကုမၸဏီက ၾသဂုတ္လမွာ ေျပာခဲ့ပါတယ္။

ကုမၸဏီရဲ႕ရင္းႏွီးျမွဳပ္ႏွံမႈဟာ အေမရိကန္ ဒဏ္ခတ္အေရးယူမႈကို ခ်ဳိးေဖာက္တယ္ဆုိတာေတြ႔ရင္ ျမန္မာ ကုန္ေသတၱာဆိပ္ကမ္း စီမံကိန္းကို ရပ္ဆိုင္းမယ္လို႔ Adani ကုမၸဏီက ေမလမွာ ေျပာခဲ့ပါတယ္။

============

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အိန္ဒိယ Adaniကုမ္ပဏီရဲ့မြန်မာနိုင်ငံကုန်သေတ္တာဆိပ်ကမ်းစီမံကိန်းဖျက်သိမ်း

အိန္ဒိယနိုင်ငံအခြေစိုက် Adani ဆိပ်ကမ်းများကုမ္ပဏီက မြန်မာနိုင်ငံမှာ ကုန်သေတ္တာ အတင်အချ ဆိပ်ကမ်းတခု တည်ဆောက်ဖို့စီမံကိန်းကို ဖျက်သိမ်းတော့မယ်လို့ ဒီကနေ့ပြောပါတယ်။

အမေရိကန်က ဒဏ်ခတ်အရေးယူထားတဲ့ မြန်မာနိုင်ငံမှာလုပ်မယ့် ဒီစီမံကိန်းဟာ ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးမှုတွေကို ချိုးဖောက်တာမရှိဘူးလို့ ယုံကြည်တယ်ဆိုပြီး အမေရိကန်ကချပေးတဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရဖို့ လျှောက်ခဲ့ပြီးတဲ့နောက် သီတင်းပတ်အတော်အကြာမှာ စီမံကိန်းရပ်မယ့်အကြောင်း ကြေညာလိုက်တာပါ။

"အခြေအနေကို ဆန်းစစ်သုံးသပ်ပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှုကို လွှဲပြောင်းရောင်းချရေး အခွင့်အလမ်းတွေအပါအဝင် မြန်မာနိုင်ငံမှာ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းရေး အစီအစဉ်တရပ်ကို လုပ်ဆောင်ဖို့ ကုမ္ပဏီရဲ့ စွန့်စားလုပ်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲရေးကော် မတီက ဆုံးဖြတ်ခဲ့တယ်" လို့ Adani ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပေမယ့် အကြောင်းရင်း အတိအကျကိုတော့ ပြောမထားပါဘူး။

နောက်နှစ် မတ်လနဲ့ ဇွန်လကြားမှာ မြန်မာနိုင်ငံကနေ အပြီးတိုင်ရုပ်သိမ်းမယ်လို့ ခန့်မှန်းထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကုန်သေတ္တာဆိပ်ကမ်းကို လည်ပတ်လုပ်ဆောင်ခွင့်ရရေး လုပ်ငန်းလိုင်စင်ချပေးဖို့ အမေရိကန်၊ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) မှာ တင်ပြထားကြောင်း Adani ကုမ္ပဏီက သြဂုတ်လမှာ ပြောခဲ့ပါတယ်။

ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန် ဒဏ်ခတ်အရေးယူမှုကို ချိုးဖောက်တယ်ဆိုတာတွေ့ရင် မြန်မာ ကုန်သေတ္တာဆိပ်ကမ်း စီမံကိန်းကို ရပ်ဆိုင်းမယ်လို့ Adani ကုမ္ပဏီက မေလမှာ ပြောခဲ့ပါတယ်။

#IndiaAdani #MyanmarIndia #MyanmarInvestment #VOABurmese

#မြန်မာ#အိန္ဒိယ#ကုန်သေတ္တာတင်ချဆိပ်ကမ်း#ဒဏ်ခတ်အရေးယူ

============

XS
SM
MD
LG