သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အကြွေးမဆပ်နိုင်ရင် အာရှဖွံ့ဖြိုးမှုထိခိုက်နိုင်


ADB Economic Outlook in ASIA-
ADB Economic Outlook in ASIA-
အာရှဒေသရဲ့ အားအကောင်းဆုံး စီးပွါးရေးရှိတဲ့ နိုင်ငံကြီး ၂ နိုင်ငံမှာ စီးပွါးရေးဆိုင်ရာ အားနည်းချက်တွေဖြစ်ပေါ်နေပြီး အမေရိကန်ပြည်ထောင်စုမှာ လည်း စီးပွါးရေးထောက်ကူ အစီအစဉ်တွေ လျှော့ချနိုင်တဲ့ အနေအထားရှိနေလို့ အာရှဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် ဖွံ့ဖြိုးမှု ခန့်မှန်းချက်ကို ADB အာရှဖွံ့ဖြိုးရေးဘဏ်က လျှော့ချလိုက်ပါတယ်။

တနှစ်နှစ်ခါ ထုတ်ပြန်တဲ့ ဗုဒ္ဓဟူးနေ့က အစီရင်ခံစာမှာ ADB က အာရှဒေသရဲ့စီးပွါးရေး ဖွံ့ဖြိုးမှုခန့်မှန်းချက်ကို ဧပြီလက ခန့်မှန်းထားတဲ့ ၆.၆% ကနေ ၆% ကို လျှော့ချလိုက်တာပါ။ တရုတ်နဲ့ အန္ဒိယနိုင်ငံတို့မှာ မှန်း ထားသလောက်ဖြစ် မလာတဲ့ စီးပွါးရေး အခြေအနေတွေကြောင့် လည်းဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် အတွက်ကတော့ ဖွံ့ဖြိုးမှုနှုန်းက ၆.၂ ကို နည်းနည်းမြင့်တက်သွားမှာဖြစ်ပြီးတော့ ဒါဟာ အရင်က ခန့်မှန်းထားတဲ့ ၆.၇ရာခိုင်နှုန်း ကနေ ကျဆင်းသွားတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ၂၀၀၉ခုနှစ် စီးပွါးဆုပ်ကပ်ကြောင့် နိုင်ငံရဲ့ စီးပွါးရေးကို ပြန်မြှင့်တင်ဖို့ ငွေကြေးထောက်ကူအစီအစဉ်တွေ ပြုလုပ်ခဲ့တာကို အခုက အမေရိကန်အစိုးရ က ဖြည်းဖြည်းချင်းပြန်လျှော့မယ့် ကိစ္စကြောင့်လည်း စိတ်ပူမိကြောင်း ဖိလစ်ပိုင် အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်က ပြောပါတယ်။

ဒါပေမယ့် အာရှရဲ့ ဖွံ့ဖြိုးလာနေတဲ့ ဈေးကွက်တွေဟာ အမေရိကန် ရဲ့ ငွေကြေးစနစ်တွေကို လိုက်ပြီးတော့ လိုက်လျောညီထွေပြောင်း လဲနိုင်လိမ့်မယ်။

အမေရိကန်ရဲ့ နိုင်ငံအများစုမှာ ပိုငွေ အလုံအလောက် ရှိပြီး နိုင်ငံခြား အရံငွေကြေး လည်း ရှိနေတာကြောင့် အာရှနဲ့ ဖွံ့ဖြိုးလာနေတဲ့ ဈေးကွက်တွေဟာ အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေကြေးအကူအညီလျှော့ချတဲ့ မူဝါဒနဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုင်တွယ်နိုင်ပါလိမ့်မယ်လို့ ADB ပြောပါတယ်။
XS
SM
MD
LG