သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump လက်ထက် ကန်-အာရှ ဆက်ဆံရေးကောင်းဖို့ ADB ခန့်မှန်း


ADB ဘဏ်ဥက္ကဋ္ဌ Takehiko Nakao ။
ADB ဘဏ်ဥက္ကဋ္ဌ Takehiko Nakao ။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်နဲ့အာရှတိုက်ကြား ဆက်လက်ထိတွေ့ဆက်ဆံမှုဟာ ဒေသ အတွက်ရော အမေရိကန်အတွက်ပါ အကျိုးရှိလိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB အကြီးအကဲက ကြာသပတေးနေ့မှာ ပြောပါတယ်။

မနီလာအခြေစိုက် ADB ဘဏ်ဥက္ကဋ္ဌ Takehiko Nakao က သူ့ရဲ့ ဒုတိယသက်တမ်းအစပြုတဲ့ ကြာသပတေးနေ့မှာ အခုလို ပြောလိုက်တာ ဖြစ်ပြီး - ထရမ့်က ပစိဖိတ်တလွှား ကုန်သွယ်ရေးမိတ်ဘက် ၁၂ နိုင်ငံ TPP သဘောတူညီမှုကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ပေမယ့်လည်း ကုန်သွယ်ရေးတခါးဖွင့်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ဒေသတွင်း သဘောတူညီမှုတွေ ရရှိဖို့ အလားအလာကောင်းကြောင်း သူက ပြောပါတယ်။

လက်ရှိ အိုဘားမားအစိုးရ အဖွဲ့က အာရှဒေသမှာ အလေးပေးလုပ်ဆောင်မှုတွေကို အဆုံးသတ်ပြီး အမေရိကန် အလုပ်အကိုင်တွေကို ဒုက္ခအကြီးအကျယ်ရောက်စေနိုင်တယ်လို့ ထရမ့်က တင်စားသုံးနှုန်းထားတဲ့ TPP ကနေ နုတ်ထွက်မယ်ဆိုရင် ဖြစ်လာနိုင်မယ့် အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းချက်တွေကို မစ္စတာ နာကာအိုက အခုလို တုံ့ပြန် ဖြေကြားခဲ့တာပါ။

မစ္စတာ နာကာအိုက အာရမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကြောင့် ဒေသတွင်း စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုကို အင်အားကောင်းစေ ခဲ့ကြောင်းလည်း ပြောပါတယ်။ ဒါပေမယ့်မလည်း ထရမ့်ရဲ့ပေါ်လစီက ဘယ်လိုဖြစ်လာမယ်ဆိုတာကို ခန့်မှန်းပြောဆိုဖို့က စောလွန်း သေးကြောင်းလည်း အေဒီဘီဥက္ကဋ္ဌ Nakao က သတိနဲ့ တုန့်ပြန်ခဲ့ပါတယ်။

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် ၂၁ နိုင်ငံက ခေါင်းဆောင်တွေဟာ တနင်္ဂနွေနေ့တုန်းက သူတို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို အဆုံးသတ်မှာ - ပြည်တွင်း ဈေးကွက်ကို ကာကွယ်ဖို့ ပြည်ပက သွင်းကုန်တွေကို အခွန်တိုးကောက်မယ့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒအကြောင်း အမေရိကန်ရဲ့ ရွေးကောက်ပွဲအနိုင်ရ သမ္မတ ဒေါ်နယ်ထရမ့်က အသားပေးပြောထားတဲ့အပေါ်မှာ လွတ်လပ်စွာ ကုန်သွယ်ခွင့်အပေါ် သံသယတွေ တိုးပွားလာနေတာကို ကြံ့ကြံ့ခံရပ်တည်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

မစ္စတာ နာကာအိုက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆက်ပြီး တခါးဖွင့်ထားတာဟာ စီးပွားရေးဆက်ပြီးဖွံ့ဖြိုးဖို့အတွက် အဓိက ကျကြောင်း ပြောခဲ့ပါတယ်။

Donald Trump လက်ထက် ကန်-အာရှ ဆက်ဆံရေးကောင်းဖို့ ADB ခန့်မှန်း
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG