သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ကျေးလက် ဖွံ့ဖြိုးရေး ဂျပန်ကူငွေ ဒေါ်လာ ၁၂ သန်း ADB ကွပ်ကဲမည်


မြန်မာကျေးလက်ပြည်သူလူထုလူနေမှုဘဝ။
မြန်မာကျေးလက်ပြည်သူလူထုလူနေမှုဘဝ။
မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံဖြိုးရေးအတွက် ADB အာရှ ဖွံဖြိုးရေးဘဏ်နဲ့ ဂျပန်နိုင်ငံတို့ကနေ အမေရိကန်ဒေါ်လာ ၁၂ သန်းဖိုး အကူအညီတွေ ထပ်ပေးသွားဖို့ရှိတယ်လို့ ADB က ထုတ်ပြန်ပါတယ်။ ကျေးလက်ဒေသ လူမှုဘ၀ ဖွံဖြိုးတိုးတက်ရေး ဒီအကူအညီတွေဟာ ဒေသခံလူမှုအသိုင်းအဝိုင်းတွေရဲ့ လူမှုဘဝတွေ ဝင်ငွေတွေကို တိုးတက်မြင့်မားလာစေဖို့ဖြစ်တယ်လို့ ADB အာရှဖွံဖြိုးရေးဘဏ်ရဲ့ အကြီးတန်းကျွမ်းကျင်သူတဦးဖြစ်တဲ့ Pavid Ramachandran က ပြောပါတယ်။

အောက်ခြေအဆင့်အထိ အကျိုးခံစားခွင့် ရလာစေဖို့မှာ စီမံကိန်း လုပ်ငန်းတွေကို ကျေးရွာသားတွေ ကိုယ်တိုင်က ရွေးချယ် ဆုံးဖြတ် ရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဆင်းရဲမွဲလျော့ပါးရေးဆိုင်ရာ ဒီအကူအညီတွေကို ဂျပန်နိုင်ငံက ပေးအပ်မှာဖြစ်ပြီး၊ ADB အာရှဖွံဖြိုးရေးဘဏ်က ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ကျေးလက်ဒေသဆင်းရဲမွဲတေမှုနှုန်းဟာ မြို့ပြဒေသ ထက် နှစ်ဆကျော်မြင့်မားနေပြီး၊ ဒီအတွက် ဖွံဖြိုးမှု အားနည်းတဲ့ ကျေးလက်ဒေသတွေမှာ အစီအစဉ်တွေကို ဦးစားပေးဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း ADB က ပြောပါတယ်။ ကျေးလက်ဒေသ ပြည်သူ ခုနှစ်သိန်းကျော် အကျိုးခံစားခွင့်ရဖို့ အတွက် ရည်မှန်းထားတဲ့ ဒီစီမံချက်တွေကို လေးနှစ်ကြာဆောင်ရွက်
သွားမှာဖြစ်ပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်းခြောက်သွေ့ဇုံ၊ တနင်္သာရီဒေသနဲ့ ရှမ်းပြည်နယ်တွေမှာ စီမံကိန်းတွေ ဆောင်ရွက်ဖို့ လျာထားပါတယ်။ လူမှု အဖွဲ့အစည်းတွေကို အားထားပြီး လုပ်ဆောင်တဲ့ ဒီစီမံကိန်းတွေကိုတော့ ADB အနေနဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေ မှာ အောင်အောင်မြင်မြင်ဆောင်ရွက်
ခဲ့ဖူးတယ်လို့ ADB က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ် လာခဲ့တဲ့အတူ နိုင်ငံတကာ
အကူအညီတွေ ပြန်လည်ဝင်ရောက်လာရာမှာ၊ ADB ကလည်း နည်းပညာရော ငွေကြေးအရပါ အကူအညီတွေ မြန်မာပြည် ကို ပြန်ပေးလာခဲ့ပါတယ်။
XS
SM
MD
LG