သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဘဏ္ဍာရေး မူပြုပြင်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ADB ချေးငွေ ဒေါ်လာသန်း ၆၀၀ ပံ့ပိုး


A South Korean male approaches the ballot box and casts his vote in Tuesday's election.
A South Korean male approaches the ballot box and casts his vote in Tuesday's election.

ADB အာရှဖွံ့ဖြိုးရေးဘဏ်ကနေ လွန်ခဲ့တဲ့ ၂ နှစ်ခွဲအတွင်း မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေ ဆန်းစစ် သုတေသနပြုလုပ်ရေးနဲ့ အကြံပေး ဝန်ဆောင်မှုတွေအတွက် နည်းပညာ အထောက်အပံ့ အဖြစ် အမေရိကန်ဒေါ်လာ ၂၅ သန်းရင်းနှီးမြှုပ်နှံခဲ့ပြီး ဘဏ္ဍာရေး မူဝါဒ ပြုပြင်ပြောင်းလဲရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ချေးငွေအဖြစ် ပံ့ပိုးခဲ့တယ်လို့ ADB ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် က ပြောဆိုလိုက်ပါတယ်။

အခုအချိန်ကနေ လာမယ့် ၂၀၃၀ ပြည့်နှစ် အတွင်း မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ သိန်း ဝန်းကျင် လိုအပ်မယ်လို့လည်း ADB က ခန့်မှန်းလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက ADB ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Winfried F. Wicklein ကို သီးသန့်တွေ့ဆုံမေးမြန်းပြီး သတင်းပေးပို့ ထားပါတယ်။

အာရှဖွံ့ဖြိုးရေး ဘဏ်ဟာ မြန်မာနိုင်ငံနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး ယာယီ မဟာဗျူဟာအရ အလုပ်အကိုင်ဖန်တီးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးမှာ အထောက်အပံ့ အနေနဲ့ရော ချေးငွေအရပါ အကူအညီပေးနေပါတယ်လို့ ADB ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr Wicklein က အခုလိုပြောပါတယ်။

ADB မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Winfried F. Wicklein။
ADB မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Winfried F. Wicklein။

"ADB က မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံပြီး ဘဏ္ဍာရေးအခြေအနေတွေ ဆန်းစစ် သုတေသနလုပ်ရေးနဲ့ မူဝါဒရေးရာ အကြံပေး ဝန်ဆောင်မှုအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးနေပါတယ်။ ကျနော်တို့နဲ့ လက်တွဲ ဆောင်ရွက်ရတဲ့ အစိုးရဌာနတွေ အတွက် စွမ်းဆောင်ရည်မြင့်မားရေး လေ့ကျင့် သင်တန်းတွေလည်း ပါဝင် ပါတယ်။ မူဝါဒပြုပြင်ပြောင်းလဲရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ချေးငွေပမာဏကတော့ အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါးဖြစ်ပါတယ်။ ADB က မြန်မာနိုင်ငံအတွက် တနှစ်ကို အမေရိကန်ဒေါ်လာသန်း ၁၅၀ ထုတ်ချေးနိုင်ဖို့ လျာထားတာရှိပါတယ်။ နည်းပညာအထောက်အပံ့အဖြစ်ကတော့နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀ သန်းပံ့ပိုးဖို့ရှှိပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ADB က ကူညီနီုင်တဲ့ ငွေပမာဏ ဟာ အကန့်အသတ်ရှိနေတဲ့ အတွက် ငွေပမာဏ တိုးပွားအောင် ကူညီနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ။ ပုဂ္ဂလိက ကော်ပိုရေးရှင်းကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေပါတယ်။"

VOA မြန်မာပိုင်းက ဒေါ်ခင်စိုးဝင်းက ADB မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Winfried F. Wicklein ကို သီးသန့်တွေ့ဆုံမေးမြန်း။
VOA မြန်မာပိုင်းက ဒေါ်ခင်စိုးဝင်းက ADB မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Winfried F. Wicklein ကို သီးသန့်တွေ့ဆုံမေးမြန်း။

အာရှဖွံ့ဖြိုးရေး ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ စီးပွားရေး ဝန်းကျင်ကောင်း ဖန်တီးရေး၊ လမ်းပမ်းဆက်သွယ်ရေး စတဲ့ အခြေခံ အဆောက်အအုံ ထူထောင်ရေး မှာလည်း အကူအညီပေးနေပေမဲ့ ရံပုံငွေ အကန့်အသတ် ရှိနေတယ်လို့ ဆိုပါတယ်။ မကြာခင်က တရုတ်နိုင်ငံက ကြေညာ လိုက်တဲ့ တရုတ်နဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၁နိုင်ငံက မတည်မယ့် နိုင်ငံတကာ ဖွံ့ဖြိုးမှု ဘဏ် ထူထောင်မယ့်အစီအစဉ်ကို ADB အနေနဲ့ ပြိုင်ဖက် အဖြစ် သဘောမထားပဲ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးမှာ မိတ်ဖက်အဖြစ် ကြိုဆိုရမှာဖြစ်တယ်လို့ ပြောရင်း မြန်မာနိုင်ငံအတွက်လည်း အကျိုးရှိမယ့် ဘဏ်တခုအဖြစ် အခုလို ထောက်ပြလိုက်ပါတယ်။

"ကျနော်တို့ရဲ့ သုတေသနဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံဟာ အခြေခံ အဆောက်အဦ လိုအပ်ချက်တွေ အများကြီး လစ်ဟင်းနေ တာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အခုအချိန်ကနေ ၂၀၃၀ ပြည့်နှစ် အတွင်း အခြေခံ အဆောက်အဦအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ သိန်း လိုအပ် နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ လမ်းပန်း ဆက်သွယ်ရေး၊ စွမ်းအင်၊ ရေရရှိရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍစတဲ့ အခြေခံ အဆောက်အဦ လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ရေးဖြစ်ပါတယ်။ ဒီလောက် များပြားတဲ့ငွေပမာဏကို အစိုးရလည်းမတတ်နိုင်ပါဘူး။ မိတ်ဖက်တွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ၂ နိုင်ငံ သဘောတူညီမှုနဲ့ ငွေချေးတဲ့ အစီအစဉ်တွေ အနေနဲ့လည်း တတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒေသတွင်းမှာ တိုးချဲ့ဖွဲ့စည်းတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုဘဏ်ဖွဲ့စည်း ထူထောင်တာကို ကြိုဆိုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် စိန်ခေါ်နေတဲ့ အခြေခံအဆောက်အဦ လိုအပ်ချက်အတွက် ဘယ်လိုအဖွဲှစည်းနဲ့မဆို ADB က လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

ADB အနေနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက်လည်း ထိရောက်အောင် စွမ်းအင်၊ လမ်းပန်းဆက်ရေးနဲ့ ပညာရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ အစိုးရ၊ပုဂ္ဂလိကနဲ့ လူထူအခြေပြုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း အကောင်အထည်ဖေါ်ရင်း သဟဇာတဖြစ်အောင် စီစဉ်နေတယ်လို့လည်းဆိုပါတယ်။

"ကျနော်တို့ဟာ ကျေးလက်ဒေသက လူထုအသိုင်းအဝိုင်းနဲ့လည်း တိုက်ရိုက် ထိတွေ့ပြီး ကူညီနေတာရှိပါတယ်။ CDD လို့ခေါ်တဲ့ ဒေသခံလူထုလိုအပ်ချက်ကို ဦးစားပေးတဲ့ စီမံကိန်းတွေကို ဆောင်ရွက်ပေးနေတာပါ။ ကနဦးအနေနဲ့ မြို့နယ် ၆ ခုက ရွာ ၁၆ ရွာ မှာ လူထုကိုယ်တိုင်တောင်းဆိုတဲ့ အလိုအပ်ဆုံး၊ အကျိုးရှိရှိ အထိရောက်ဆုံး အခြေခံအဆောက်အဦးတွေ ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း ရန်ပုံငွေနဲ့ မတည်ပေးမှာဖြစ်ပါတယ်။"

အဲ့ဒီ့မြို့နယ် ခြောက်ခု ကတော့ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က ဖြစ်ပြီးတော့ လယ်ယာ စိုက်ပျိုးရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးရေးကို လူထုရဲ့ ဆန္ဒအတိုင်း အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ADB မှာ မြန်မာနိုင်ငံနဲ့ ၂၄နှစ်ကြာ အဆက်အသွယ်ဖြတ်တောက်ထားခဲ့ရာကနေ ၂၀၁၂ခုနှစ်မှာ ပြန်လည်ဝင်ရောက်ခဲ့ပြီးတော့ အခုနေပြည်တော်နဲ့ရန်ကုန်မှာ ရုံးခွဲတွေ ဖွင့်လှစ်ပြီး လုပ်ငန်းတွေ လည်ပတ်နေပါပြီ။

ADB အနေနဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် Company မှတ်ပုံတင် ဥပဒေ ပြုပြင်ပြောင်းလဲရေးကအစ ချေးငွေနဲ့ အာမခံ စနစ် စတာတွေအတွက်လည်း နည်းပညာ အထောက်အပံ့တွေနဲ့ အကူအညီပေးနေတယ်လို့ အာရှဖံံွံ့ဖြိုးရေးဌာနေ ကိုယ်စားလှယ် Winfried F. Wicklein က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG