သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်သမ္မတ ညီ လုပ်ကြံခံရ

လုပ်ကြံခံလိုက်ရသည့် အာမက် ဝါလီ ကာဇိုင်း(ယာ)။
လုပ်ကြံခံလိုက်ရသည့် အာမက် ဝါလီ ကာဇိုင်း(ယာ)။

အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ရဲ့ ညီလည်းဖြစ်၊ အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းမှာ သြဇာအရှိဆုံးလည်းဖြစ်တဲ့ အာမက် ဝါလီ ကာဇိုင်း (Ahmad Wali Karzai) ဒီနေ့ သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။

သမ္မတ ဟာမစ် ကာဇိုင်းရဲ့ အဖေတူ၊ အမေကွဲ ညီဖြစ်သူ အာမက် ဝါလီ ကာဇိုင်းဟာ သူ့ရဲ့ နေအိမ်ထဲမှာ အင်္ဂါနေ့က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး ပြောခွင့်ရသူက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဝါလီ ကာဇိုင်းကို သူ့ရဲ့ ယုံကြည် စိတ်အချရဆုံး ကိုယ်ရံတော်တွေထဲက တယောက်ဖြစ်တဲ့ ဆာဒါ မိုဟာမက် (Sardar Mohammed) က သတ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သူ့ကို ကျန်ကိုယ်ရံတော်တွေက ပြန်သတ်ခဲ့တယ်လို့ အာဖဂန် တာဝန်ရှိသူတဦးက ပြောပြပါတယ်။

ဒီလုပ်ကြံမှုဟာ သူတို့ရဲ့ လက်ချက်ပါလို့ တာလီဘန်တွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

သမ္မတ ကာဇိုင်းက သူ့ရဲ့ညီငယ် အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အတည်ပြု ပြောဆိုရင်း သူ့ညီ သေဆုံးမှုဟာ အာဖဂန် ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ကိုယ်စားပြု သက်သေပြလိုက်တာပဲလို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အမေရိကန် တပ်မှူးကြီး ဒေးဒစ် ပက်ထရီးယပ်စ် (David Petraeus) ကတော့ ဝါလီ ကာဇိုင်း အသတ်ခံရတာကို ပြစ်တင် ရှုတ်ချလိုက်ပြီး ဒီလူသတ်မှုမှာ တာဝန်ရှိသူတွေကို တရားဥပဒေအရ အရေးယူနိုင်ရေး အာဖဂန် အစိုးရရဲ့ ကြိုးပမ်းမှုကို နေတိုးတပ်ဖွဲ့က ပံ့ပိုး ကူညီသွားမယ်လို့ ပြောပါတယ်။

ကန်ဒါဟာ ပြည်နယ်ကောင်စီ အကြီးအကဲတဦး ဖြစ်တဲ့ ဝါလီ ကာဇိုင်းဟာ အာဖဂန် ခေါင်းဆောင်ပိုင်းမှာ သြဇာအရှိဆုံး ဖြစ်ပြီး သူဟာ အဂတိ လိုက်စားတယ်၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်တယ်လို့ နာမည်ပျက်နေသူတဦး ဖြစ်တဲ့အကြောင်း အမေရိကန် သံတမန် စာအသွားအလာထဲမှာ တွေ့ရှိရတယ်လို့ ဝီကီလိခ်စ် (WikiLeaks) အင်တာနက် စာမျက်နှာမှာ နိုဝင်ဘာလ အတွင်းက ဖော်ပြထားပါတယ်။

This item is part of
XS
SM
MD
LG