သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် စစ်သွေးကြွတွေ မိန်းကလေးတဦးကို အသေခံအဖြစ် အသုံးချ


အာဖဂန် စစ်သွေးကြွတွေ မိန်းကလေးတဦးကို အသေခံအဖြစ် အသုံးချ
အာဖဂန် စစ်သွေးကြွတွေ မိန်းကလေးတဦးကို အသေခံအဖြစ် အသုံးချ

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း အူရူဇန်ခရိုင်က ရဲစခန်းတခုမှာ မနေ့က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုအတွက် ၈ နှစ်အရွယ် မိန်းကလေးတဦးကို သူပုန်တွေက ဖောက်ခွဲရေး ပစ္စည်းတွေပါတဲ့ အိတ်တလုံးပေးပြီး ရဲစခန်းကို သွားပို့ခိုင်းခဲ့တာလို့ အာဖဂန်နစ္စတန် ပြည်ထဲရေး ဝန်ကြီးဌာနက ဒီကနေ့ ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဖောက်ခွဲရေး ပစ္စည်းအိတ်ကို သယ်လာတဲ့ မိန်းကလေး သေဆုံးခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းက ဆေးရုံတခုမှာ ကြီးမားတဲ့ ဗုံးဖောက်ခွဲမှုတခု မနေ့က ဖြစ်ပွားခဲ့ပြီး သေဆုံးသူဟာ ၃၈ ဦးအထိ ရှိလာနေပြီလို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

လူ ၅၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒီကနေ့ပဲ အတည်ပြုချက် ပေးပါတယ်။ သေဆုံးခဲ့သူ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြို့တော် ကာဘူးလ်နဲ့ ၂၅ မိုင်လောက်ဝေးတဲ့ လိုဂါခရိုင်မှာ အဲဒီပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဒီနေရာဟာ ပါကစ္စတန် နယ်စပ်နဲ့လည်း နီးပါတယ်။

ပေါက်ကွဲမှုက အင်အားပြင်းထန်လို့ ဆေးရုံ အဆောက်အဦးလည်း ပျက်စီးခဲ့ရပြီး လူတော်တော်များများ အပျက်အစီးတွေ အောက်မှာ ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။

တာလီဘန်တွေကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေက ဆေးရုံကို ပစ်မှတ်မထားဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့လည်း အခုပေါက်ကွဲမှု ဖြစ်ပွားတဲ့ အရှေ့ပိုင်းခရိုင်က တာလီဘန်တွေ လှုပ်ရှားတဲ့ ဒေသပါ။ ဒီဒေသမှာပဲ နိုင်ငံစုံ မဟာမိတ်တပ်ဖွဲ့တွေနဲ့ အာဖဂန်အစိုးရ တပ်တွေကို တာလီဘန်တွေဘက်က အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတာပါ။

XS
SM
MD
LG