သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်တိုက်ခိုက်မှု ၅၀ ကျော်သေ


အာဖဂန်နစ္စတန်အရှေ့ပိုင်းက ရဲသင်တန်းကျောင်းကို ဒီကနေ့မှာ အကြမ်းဖက်သမားတွေက တိုက်ခိုက်တာကြောင့် လူ ၅၀ ထက်မနည်းသေဆုံးပြီး၊ ၂၀၀ ကျော်ဒဏ်ရာရသွားပါတယ်။

Paktia ပြည်နယ် Gardez မြို့က သင်တန်းကျောင်းအနီးမှာ ဖေါက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ကားကို အသေခံဖေါက်ခွဲပြီး တိုက်ခိုက်မှုကိုစတင်တာလို့ အာဏာပိုင်တွေ က ပြောပါတယ်။

အဲဒီနောက်တော့ သေနတ်သမားတွေဟာ သင်တန်းကျောင်းကို ပစ်ခတ်တိုက်ခိုက်သလို ရဲတပ်ဖွဲ့ဝင်တွေနဲ့လည်း အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။ Gardez မြို့ လူထုကျန်းမာရေး ဌာန အကြီးအကဲ Hedayatullah Hameedi က ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံး သူတွေထဲမှာ အရပ်သားတွေရော ရဲတပ်ဖွဲ့ဝင်တွေရော ပါဝင်တယ်လို့ ဆိုပါတယ်။

Paktia ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ Toralia Abydani လည်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်လို့ အမည်မဖေါ်လိုတဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ တာလီဘန်တွေက ပြောပြီး Mansoori စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ ပြောခွင့်ရ Zabiullah Mujahid က ပြောပါတယ်။ ဒီကနေ့မှာပဲ တောင်ပိုင်း Ghazni ပြည်နယ်မှာလည်း ရဲစခန်းတခု အလားတူ တိုက်ခိုက်ခံရပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ AP သတင်းဌာနက ဆိုပါတယ်။

XS
SM
MD
LG