သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အစိုးရ တဖက်သတ် ယာယီအပစ်ရပ်စဲရေး အဆုံးသတ်


ဒီကနေ့ သတင်းစာရှင်းလင်းပွဲကျင်းပတဲ့ အာဖဂန်သမ္မတ Ashraf Ghani (ဇွန် ၃၀၊ ၂၀၁၈)
ဒီကနေ့ သတင်းစာရှင်းလင်းပွဲကျင်းပတဲ့ အာဖဂန်သမ္မတ Ashraf Ghani (ဇွန် ၃၀၊ ၂၀၁၈)

အာဖဂန်အစိုးရဘက်က တာလီဘန်တွေနဲ့ အပစ်အခတ်ရပ်စဲထားမှုကို အဆုံးသတ်လိုက် ပြီ ဖြစ်ကြောင်း အာဖဂန်သမ္မတ Ashraf Ghani က ပြောလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲ ထားမှုကို အဆုံးသတ်လိုက်ပြီဖြစ်တာကြောင့်အာဖဂန်တပ်ဖွဲ့တွေအနေနဲ့ သူတို့ရဲ့စစ်ဆင် ရေးတွေ ပြန်စတင်နိုင်ပြီလို့ သမ္မတက ဒီကနေ့ စနေနေ့မှာ ပြောလိုက်တာပါ။

တာလီဘန်တွေအနေနဲ့ လူတွေ ဆက်သတ်နေမလား ဒါမှမဟုတ် ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်မလားဆိုတာ သူတို့အပေါ်မှာသာ မူတည်တယ်လို့လည်း သမ္မတ Ghani က ပြော ပါတယ်။ အခုလဆန်းပိုင်းက ကျရောက်တဲ့ မူစလင်တွေရဲ့ ၃ ရက်တာ Eid al Fitr အစ် ပွဲတော်အတွက် ယာယီအပစ် အခတ်ရပ်စဲထားတာကို တာလီဘန်တွေဘက်က အဆုံး သတ်လိုက်ပြီးနောက်နိုင်ငံတဝှမ်းက အာဖဂန် တပ်ဖွဲ့ဝင်တွေအတော်များများ သူတို့လက် ချက်နဲ့ သေဆုံးခဲ့ပါတယ်။

အစ်ပွဲတော်အတွက် အာဖဂန်အစိုးရဘက်က အပစ်အခတ်ရပ်စဲပြီးနောက် သူပုန်တွေ ဘက်ကလည်း အပစ်အခတ်ရပ်စဲခဲ့သလို ဒီနောက်မှာ အစိုးရဘက်က နောက်ထပ် ရပ်တိုးပြီး ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲထားမှုကို ဒီကနေ့ အဆုံးသတ်လိုက်တာပါ။ တာလီဘန်တွေအနေနဲ့ အပစ်ရပ်စဲထားမှုကို ဆက်ထိန်းသိမ်းထားပြီး တာလီဘန် ခေါင်းဆောင် Hibatullah Akhunzada နဲ့ သူ တွေ့ဆုံချင်တဲ့နေရာမှာ တွေ့ဆုံပြီး ငြိမ်းချမ်း ရေးအတွက် ဆွေးနွေးကြဖို့ သူ့ဘက်က အဆင်သင့်ပဲလို့ Mr. Ghani က ဗုဒ္ဓဟူးနေ့မှာ ပြောထားတာပါ။

ဒါပေမယ့်လည်း အာဖဂန်အစိုးရဟာ အမေရိကန် ကြိုးဆွဲရာကနေတဲ့ ရုပ်သေးအစိုးရဖြစ် တယ်ဆိုပြီး သူပုန်တွေဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့သလို အမေရိကန်နဲ့ပဲ တိုက် ရိုက် ဆွေးနွေးမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုမှုကို အမေရိကန်ဘက်က ပယ်ချ ထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အာဖဂန်ပြည်တွင်းရေးပဲ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG