သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရဲတပ်မှူးကြီး ပစ်ခတ်မှုအတွင်း သေဆုံး


အာဖဂန် ရဲတပ်မှူးကြီး Abdul Raziq
အာဖဂန် ရဲတပ်မှူးကြီး Abdul Raziq

အာဖဂန်နိုင်ငံ တောင်ပိုင်းက သြဇာအရှိန်အဝါကြီးမားတဲ့ ရဲအရာရှိကြီးတဦးလည်းဖြစ် တာလီဘန်တွေရဲ့ လုပ်ကြံဖို့ ကြိုးစားမှု အကြိမ်ကြိမ် ကြုံခဲ့ရတဲ့ ရဲမှူးကြီး Abdul Raziq ဟာ အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးတဦးရဲ့ ဒီနေ့ အာဖဂန်ခရီးစဉ်အတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း အမေရိကန်စစ်သည် ၂ ယောက် ဒဏ်ရာရရှိခဲ့ညီး ဒေသခံ ကင်မရာသမားတဦး သေဆုံးခဲ့တာပါ။ Kandahar ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ တခြားဒေသခံ အစိုးရအရာရှိတွေကို တွေ့ဆုံဖို့ အမေရိကန် ဗိုလ်ချုပ်ကြီး Scott Miller ပြည်နယ်တွင်းမှာ ရောက်နေတာ ဖြစ်ပါတယ်။

တွေ့ဆုံမှုအပြီး၊ တက်ရောက်သူတွေ ရဟတ်ယာဉ်ရပ်နားထားရာ နေရာကို သွားနေချိန်မှာပဲ ပစ်ခတ်မှု စဖြစ်ခဲ့တာလို့လည်း ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။ ဗိုလ်ချုပ်ကြီး Miller ကတော့ အထိအခိုက် မရှိခဲ့ပါဘူး။ အာဖဂန်နိုင်ငံမှာရှိတဲ့ မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲွ့ (NATO) တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး Knut Peters ကတော့ ကနဦး အစီရင်ခံစာတွေအရ အာဖဂန်အချင်းချင်း ပစ်ခတ်မှုအဖြစ် သိရှိထားရကြောင်း ပြောဆိုခဲ့တာပါ။ ဒဏ်ရာရတဲ့ အမေရိကန်စစ်သား ၂ ယောက်ကိုတော့ ဘေးကင်းရာ ကယ်ထုတ်နိုင်ခဲ့ပြီး၊ တိုက်ခိုက်သူကတော့ သေဆုံးသွားတယ်လို့လည်း ပြောပါတယ်။

တာလီဘန် စစ်သွေးကြွတွေကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ချက်ခြင်းလိုလို ကြေညာခဲ့ပြီး၊ အာဖဂန်ရဲမှူးကြီးနဲ့ အမေရိကန် ဗိုလ်ချုပ်ကြီးတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက Kandahar ပြည်နယ် ရဲမှူးကြီးအဖြစ် တာဝန်ယူခဲ့တဲ့ Raziq ဟာ တာလီဘန်တွေကို ခေါင်းမထောင်နိုင်အောင် ထိန်းထားတဲ့အတွက် လူသိများ ထင်ရှားသူ တဦးပါ။ ဒါပေမဲ့လည်း သူ့လက်အောက်က တပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်တာတွေ ရှိခဲ့ကြောင်းလည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ခံရသူတဦးလည်း ဖြစ်ပါတယ်။

အာဖဂန် ရဲတပ်မှူးကြီး ပစ်ခတ်မှုအတွင်း သေဆုံး
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG