အာဖဂန်နစ္စတန်နိုင်ငံမှာ လုံခြုံရေး စိတ်မချရတဲ့အတွက် သတင်းစာဆရာ ၃၀၀ လောက် ဥရောပကို ထွက်ပြေးသွားကြတယ်လို့ မီဒီယာ စောင့်ကြည့်ရေး အဖွဲ့တခုက ပြောကြားလိုက်ပါတယ်။
ဒီအထဲမှာ One-TV နဲ့ TOLO တို့လို အဓိက ရုပ်သံဌာနက ၀န်ထမ်းတွေ ပါဝင်သလို နိုင်ငံကျော် စီးပွားရေးသတင်း ကြေညာသူလဲ ပါဝင်တယ်လို့ TAW-HIDI ခေါ် ဒေသဆိုင်ရာ မီဒီယာအဖွဲ့အစည်းတခုက ပြောကြားလိုက်ပါတယ်။ တချို့သတင်းသမားတွေဟာ ၁၅ ယောက် အယောက် ၂၀စီ အုပ်စုလိုက် ထွက်ပြေးကြသလို တချို့လည်း မိသားစုကိုပါ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ် ။
သူတို့ဟာ တူရကီနဲ့ ဂရိနိုင်ငံတို့က တဆင့် ဥရောပကို သွားရောက်ကြ တာဖြစ်တယ်လို့လဲ TAWHIDI အဖွဲ့ကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့တုန်းက တာလီဘန်တို့ရဲ့ အသေခံဗုံးခွဲက သတင်းသမားတွေကို သယ်ဆောင်လာတဲ့ ဘတ်စကားတစီးကို တိုက်ခိုက်ခဲ့တာကြောင့် (၇)ယောက် သေဆုံးပြီး (၃၀)နီးပါး ဒဏ်ရာရခဲ့ပြီးနောက် သတင်းလောက လုံခြုံရေးဟာ အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ တာပါ။