သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပအခြေစိုက် အကြမ်းဖက်မှုတွေ နှိမ်နင်းရေး အာဖဂန်သမ္မတ တိုက်တွန်း


အိမ်နီးချင်း အာဖဂန်နစ္စတန် နိုင်ငံထဲက အကြမ်းဖက်သမားတွေ ပုန်းခို လှုပ်ရှားနေကြတဲ့ နေရာတွေဆီ အနောက် မဟာမိတ်တပ်တွေ သွားတိုက်ချင်စိတ် ရှိရဲ့လား ဆိုတာကို အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) က မေးခွန်းထုတ်လိုက်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲဟာ အာဖဂန်နစ္စတန် ပြည်သူတွေရဲ့ အိမ်တွေ၊ ရွာတွေအပေါ် တိုက်ခိုက်ရမှာ မဟုတ်ဘဲ နိုင်ငံအပြင်မှာ ရှိတဲ့ အကြမ်းဖက်သမားရဲ့ ကွန်းခိုရာ နေရာတွေ၊ သင်တန်းနေရာတွေကို တိုက်ခိုက်ရမှာ ဖြစ်တယ်လို့ သမ္မတ ကာဇိုင်းက ပြောပါတယ်။

ဒီသောင်းကျန်းသူတွေကို နိုင်ငံတကာ တပ်တွေကသာ နှိမ်နင်းနိုင်မှာ ဖြစ်တယ်လို့ မစ္စတာ ကာဇိုင်းက ကဘူးလ်မြို့တော်မှာ ဒီကနေ့ ပြောခဲ့တာပါ။

Wikileaks ဆိုတဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ အမေရိကန် စစ်ဘက်ဆိုင်ရာ လျှို့ဝှက် အချက်အလက်တွေကို လူသိရှင်ကြား ဖော်ပြခဲ့ပြီးနောက်မှာ အခုလို သူပြောခဲ့တာလည်း ဖြစ်ပါတယ်။

ပါကစ္စတန် ထောက်လှမ်းရေးဌာနဟာ အာဖဂန်နစ္စတန်ထဲက တာလီဘန်တွေနဲ့ ထဲထဲဝင်ဝင် ပတ်သက်နေတယ်လို့ ပေါက်ကြားတဲ့ အချက်အလက်တွေထဲမှာ စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲချက်ဟာ မဟုတ်မမှန်တဲ့ စွပ်စွဲချက် ဖြစ်တယ်လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပယ်ချခဲ့ပါတယ်။

ဒီလို အချက်အလက်တွေ ပေါက်ကြားတဲ့အတွက် နေတိုးတပ်တွေနဲ့ အနီးကပ် အလုပ်လုပ်နေကြတဲ့ အာဖဂန် ပြည်သူတွေအတွက် အန္တရာယ်ရှိတယ်ဆိုပြီး သမ္မတ ကာဇိုင်းက အပြစ်တင်ပါတယ်။ ဒီအချက်အလက်တွေကို သုံးသပ်ဖို့ အစိုးရကို အမိန့်ပေးထားတယ်လို့လည်း သမ္မတ ကာဇိုင်းက ပြောပါတယ်။

XS
SM
MD
LG