သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာအသေခံဗုံးခွဲမှုကြောင့် NATO တပ်သား (၆)ဦး သေဆုံး


အာဖဂန်နိုင်ငံတွင်းက Bagram လေတပ်စခန်း
အာဖဂန်နိုင်ငံတွင်းက Bagram လေတပ်စခန်း

စစ်ဘေးဒဏ်သင့်ခဲ့တဲ့အာဖဂန်နစ္စတန် ရှိအမေရိကန်ရဲ့အကြီးဆုံးစစ်စခန်းဖြစ်တဲ့ Bagram လေတပ် စခန်းအနီးမှာ NATO တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲတိုက်ခိုက်မှု တခုဖြစ်ပွားခဲ့လို့ အမေရိကန် စစ်သား (၆) ယောက် သေဆုံးသွားတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနအရာရှိတွေက ပြောပါတယ်။ ခုလိုတိုက်ခိုက်မှုဟာဒီနှစ်အတွင်းအာဖဂန်နစ္စတန်နိုင်ငံမှာ ပြည်ပက စစ်သားတွေ ထိခိုက် သေကြေမှု အများဆုံး တိုက်ခိုက်ခံရမှုတွေထဲက တခု ဖြစ်ကြောင်း အမည်မထုတ်ဖေါ်လိုတဲ့ အရာရှိတွေက ပြောပါတယ်။ စောစောပိုင်းကတော့ NATO ဦးဆောင်တဲ့ Resolute Support Mission ရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးကြီး Michael Lawhorn က Bagram မှာ ဒေသစံတော်ချိန် နေ့လည် တနာရီခွဲ အချိန်လောက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် (၆)ဦး သေဆုံးခဲ့ကြောင်း VOA ကို အတည်ပြုပြောဆိုပါတယ်။ နောက် တခြားတပ်ဖွဲ့ဝင် (၃)ယောက်လည်း ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ လည်း သူကပြောပါတယ်။ တိုက်ခိုက်မှုဟာ တာလီဘန်အဖွဲ့ကသူတို့ လက်ချက်ဖြစ်တယ်လို့ ချက်ခြင်းဆိုသလို ပြောဆိုလိုက်ပြီး အနည်းဆုံး (၁၉) ယောက် သေဆုံးပါတယ်။ အများစုဟာ အမေရိကန် စစ်သားတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီသူပုန်အဖွဲ့ဟာ သေဆုံး ဒဏ်ရာရရှိမှုအရေအတွက်နဲ့ ပတ်သက်ပြီး ချဲ့ကားပြောဆိုတတ်တယ်လို့ နာမည်ပျက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

XS
SM
MD
LG