သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ကတပ်တွေ စတင် ရုပ်သိမ်းပေးရေး သမ္မတ အိုဘားမား ကြေညာမည်

အာဖဂန်ကတပ်တွေ စတင် ရုပ်သိမ်းပေးရေး သမ္မတ အိုဘားမား ကြေညာမည်
အာဖဂန်ကတပ်တွေ စတင် ရုပ်သိမ်းပေးရေး သမ္မတ အိုဘားမား ကြေညာမည်

အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေထဲက ပထမအဆင့် အနေနဲ့ စစ်သည်ဦးရေ ၁၀,၀၀၀ အထိ ဒီနှစ်မကုန်ခင် ပြန်ဆုတ်ခွာရေး အစီအစဉ်ကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီကနေ့ ကြေညာဖို့ ရှိပါတယ်။

ပထမဆုံး စစ်သည် ၅,၀၀၀ ကို အရင်ပြန်လာဖို့ စီစဉ်မှာဖြစ်ပြီး ကျန်တဲ့ ၅,၀၀၀ ကို ဒီနှစ်ကုန်ပိုင်းမှာ ပြန်လာဖို့ စီစဉ်မယ့်အကြောင်း သမ္မတက ဒီကနေ့ ပြောဆိုလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေးဌာန အရာရှိတွေက ပြောပါတယ်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလတုန်းက အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်တွေ ပြန်ဆုတ်ခွာမယ့်အကြောင်း သမ္မတ အိုဘားမားက ကြေညာခဲ့တာ ရှိပါတယ်။ ဒီကိစ္စကို ဘယ်လိုဗျူဟာနဲ့ အကောင်အထည် ဖော်မလဲ ဆိုတာကို သမ္မတ အိုဘားမားက ပြောလိမ့်မယ်ဆိုပြီး သတင်းတွေမှာ ခန့်မှန်း ပြောဆိုနေတာတွေကို မလုပ်ကြဖို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေးကာနီ (Jay Carney) က မနေ့ကပဲ သတင်းမီဒီယာတွေကို သတိပေးခဲ့ပါတယ်။

ဒီကနေ့ညပိုင်း သူပြောဆိုမယ့် မိန့်ခွန်းထဲမှာ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေက အာဖဂန်နစ္စတန်ရဲ့ လုံခြုံရေး တာဝန်တွေကို ၂၀၁၄ ခုနှစ်မှာ အာဖဂန် တပ်ဖွဲ့တွေဆီ အပြည့်အ၀ လွှဲပြောင်းပေးဖို့ ကတိပေးထားတဲ့အတိုင်း ဆောင်ရွက်မယ့် ကိစ္စကို ပြောဆိုမယ်လို့ မျှော်လင့်ရပါတယ်။

အခုလောလောဆယ် အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်စစ်သည် ၁၀၀,၀၀၀ လောက် ရှိနေတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG