သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်က အမေရိကန်တပ်ဖွဲ့ ရုပ်သိမ်းရေး အိုဘားမား မိန့်ခွန်းပြောမည်


အာဖဂန်က အမေရိကန်တပ်ဖွဲ့ ရုပ်သိမ်းရေး အိုဘားမား မိန့်ခွန်းပြောမည်
အာဖဂန်က အမေရိကန်တပ်ဖွဲ့ ရုပ်သိမ်းရေး အိုဘားမား မိန့်ခွန်းပြောမည်

၂၀၁၂ ခုနှစ် အကုန်မှာ အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၃၃,၀၀၀ ကို အာဖဂန်နစ္စတန်ကနေ ပြန်ရုပ်သိမ်းဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ရှင်းလင်း ပြောဆိုဖို့အတွက် ဒီနေ့ နယူးယောက်မြို့ကို ထွက်ခွာသွားပါတယ်။

သမ္မတဟာ ဖို့ဒရမ် (Fort Drum) မှာရှိတဲ့ 10th. Mountain Division အမှတ် ၁၀ တပ်မ တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီ အမှတ် ၁၀ တပ်မဟာ အာဖဂန်နစ္စတန်ကို တပ်ဖွဲ့တွေ အများဆုံး စေလွှတ်လေ့ရှိတဲ့ တပ်မတခု ဖြစ်ပါတယ်။

အာဖဂန်နစ္စတန် တပ်ဖွဲ့တွေရဲ့ တိုက်ပွဲအရှိန်တွေ ကျလာပြီလို့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော် မိန့်ခွန်းမှာ ထည့်ပြောခဲ့ပြီး ဒီနှစ်အကုန်မှာ အာဖဂန်နစ္စတန်ကနေ အမေရိကန် တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို ပထမဆုံးအကြိမ် ရုပ်သိမ်းမယ်လို့ သမ္မတက ပြောဆိုခဲ့ပါတယ်။

အာဖဂန်နစ္စတန် တပ်ဖွဲ့ဝင်တွေ တာဝန်လွှဲယူလာတာနဲ့အမျှ အမေရိကန် တပ်ဖွဲ့တွေရဲ့ အာဖဂန်နစ္စတန်ကနေ ရုပ်သိမ်းမှုကို ပုံမှန် အနေအထားနဲ့ ဆောင်ရွက်နေပြီး ကျန်တဲ့ တပ်ဖွဲ့တွေကို နောင်နှစ်မှာ ရုပ်သိမ်းဖို့ ရှိတယ်လို့ သိရပါတယ်။

အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

ကြာသပတေးနေ့ကတော့ အာဖဂန် ပြည်သူတွေဟာ သူတို့တိုင်းပြည်ကို ကာကွယ်ကြမှာဖြစ်ပြီး အမေရိကန် တပ်ဖွဲ့တွေ ဆုတ်ခွာတာကို ကြိုဆိုတယ်လို့ အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်း (Harmid Karzai) က ပြောဆိုပါတယ်။ အမေရိကန်တပ်တွေ ဆုတ်ခွာမယ့် ဆုံးဖြတ်ချက်ဟာ နှစ်နိုင်ငံလုံးရဲ့ အကျိုးနဲ့ ဆိုင်ပါတယ်လို့လည်း အာဖဂန် သမ္မတက ပြောပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ တာလီဘန်တွေကတော့ ဒီအစီအစဉ်ဟာ နမူနာ သဘောလောက်ပဲရှိပြီး စစ်ကြောင့် ပင်ပန်းနေတဲ့ နိုင်ငံတကာနဲ့ အမေရိကန် ပြည်သူတွေကို ကျေနပ်စေနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အာဖဂန် စစ်ပွဲတွေကို အမေရိကန် ပြည်သူတွေက တနေ့တခြား ထောက်ခံမှု နည်းလာပါတယ်။ အာဖဂန်နဲ့ အီရတ်စစ်ပွဲတွေအတွက် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁,၀၀၀ လောက် သုံးခဲ့ရပြီး အခုချိန်ဟာ အမေရိကန်နိုင်ငံကို ပြန်ထူထောင်ဖို့ အာရုံစိုက်ရမယ့်အချိန် ဖြစ်တယ်လို့ သမ္မတက ပြောဆိုလိုက်ပါတယ်။

အာဖဂန် ပြည်သူတွေက သူတို့လုံခြုံရေးကို တာဝန်ယူကြမှာဖြစ်ပြီး လာမယ့် ၂၀၁၄ ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံ အသွင်ကူးပြောင်းရေးလုပ်ငန်း ပြီးမြောက်တော့မှာ ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောဆိုပါတယ်။

အာဖဂန်နစ္စတန်တပ်ဖွဲ့ ရုပ်သိမ်းရေးဆိုင်ရာ သမ္မတရဲ့ ဗုဒ္ဓဟူးနေ့ ကြေညာချက်ဟာ တခြားတပ်မှူးတွေရဲ့ ပြောဆိုချက်တွေထက် ပိုပြီး ထက်ထက်သန်သန် ရှိပုံရတယ်လို့ ပြောဆိုကြပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) ကလည်း သမ္မတရဲ့ ပြောဆိုချက်ကို ထောက်ခံခဲ့ပါတယ်။

XS
SM
MD
LG