သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဘိန်းထွက် စံချိန်သစ်တင်


အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဒီနှစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ အရင်နှစ်တွေကထက် ပိုပြီး တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ အာဖဂန်နိုင်ငံရဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၇ ရာခိုင်နှုန်း၊ တန်ချိန်အားဖြင့် ၆, ၄၀၀ လောက် တိုးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီနှစ်တွင်း ဘိန်းစိုက်ပျိုးမှုမြေ ဧရိယာ စုစုပေါင်း ၇ ရာခိုင်နှုန်း၊ ၅၅၃ ဧကလောက်အထိ တိုးချဲ့ စိုက်ပျိုးလာခဲ့တာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကမ္ဘာပေါ်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို အာဖဂန်နစ္စတန်နိုင်ငံမှာ စိုက်ပျိုးတာဖြစ်ပြီး ဒီလို ဘိန်းတွေကို တရားမဝင် ကုန်သွယ်မှုကနေ ရလာတဲ့ အကျိုးအမြတ်တွေကနေ တာလီဘန် သူပုန်တွေအတွက် ရန်ပုံငွေ ရှာပေးနေတာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ အာဖဂန်နိုင်ငံထဲ ဝင်တိုက်ခိုက်တဲ့ ၂၀၀၁ ခုနှစ်ကစလို့ အာဖဂန်နိုင်ငံတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှု နှိမ်နင်းရေး လုပ်ငန်းတွေအတွက် ဒေါ်လာ သန်းပေါင်း ၇,၈၀၀ သုံးစွဲ လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG