သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေး ကုမ္ပဏီတွေ နိုင်ငံမှာ လက်မခံဖို့ အာဖဂန်သမ္မတ ထပ်မံ သတိပေး


လုံခြုံရေး ကုမ္ပဏီတွေ နိုင်ငံမှာ လက်မခံဖို့ အာဖဂန်သမ္မတ ထပ်မံ သတိပေး
လုံခြုံရေး ကုမ္ပဏီတွေ နိုင်ငံမှာ လက်မခံဖို့ အာဖဂန်သမ္မတ ထပ်မံ သတိပေး

အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေကို ဖျက်သိမ်းဖို့ သန္နိဋ္ဌာန် ချမှတ်ထားတဲ့အတိုင်း ဆက်လက်ရပ်တည်မှာ ဖြစ်တယ်လို့ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က ပြောဆိုခဲ့ပေမဲ့ အဓိက ဖွံ့ဖြိုးရေး စီမံကိန်းကြီးတွေကိုတော့ ခြွင်းချက်ပေးသွားဖို့ စဉ်းစားမယ်လို့ ဆိုပါတယ်။

သံရုံးတွေနဲ့ စစ်အခြေစိုက် စခန်းတွေကို စောင့်ရှောက်ပေးနေတာတွေက လွဲလို့ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေ ဒီနှစ်ကုန် နောက်ဆုံးထားပြီး နိုင်ငံကနေ ထွက်ခွာဖို့ အမိန့်တရပ်ကို ပြီးခဲ့တဲ့ သြဂုတ်လထဲမှာပဲ ထုတ်ပြန်ခဲ့တာပါ။

တနင်္ဂနွေနေ့က အစည်းအဝေးပွဲ တခုအတွင်းမှာတော့ အာဖဂန်နိုင်ငံက ဒီဆုံးဖြတ်ချက်အတိုင်း ရပ်တည်ဆဲဖြစ်ကြောင်း သမ္မတ ခါဇိုင်းက ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လုံခြုံရေးယူဖို့ လိုအပ်မယ့် နိုင်ငံတကာ ဖွံ့ဖြိုးရေး စီမံကိန်းတွေ အနေနဲ့ သူတို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းစာရင်းတွေကို တင်ပြဖို့နဲ့ လုံခြုံရေး လိုအပ်ချက်တွေကိုလည်း အစိုးရကို အကြောင်းကြားသွားဖို့ ပြောဆိုခဲ့တာပါ။

စနေနေ့တုန်းကတော့ ကန်ထရိုက်လုပ်ငန်းနဲ့ အကူအညီပေးရေး အလုပ်လုပ်နေကြသူတွေကို မထိခိုက်စေဘဲ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေကို ကိုင်တွယ်နိုင်မယ့် အစီအစဉ်တရပ် ရေးဆွဲသွားဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က အာဖဂန်သမ္မတကို တယ်လီဖုန်းကတဆင့် အကြံပြုခဲ့ပါတယ်။

XS
SM
MD
LG