သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆန္ဒပြမှုအတွင်း ကုလ၀န်ထမ်းအချို့ သေဆုံး


အာဖဂန်ဆန္ဒပြမှုအတွင်း ကုလ၀န်ထမ်းအချို့ သေဆုံး

အာဖဂန်နစ္စတန်က ကမ္ဘာ့ကုလသမဂ္ဂရုံး မနေ့ကအတိုက်ခိုက်ခံခဲ့ရပြီး နိုင်ငံခြားသားဝန်ထမ်း ၇ ဦး အနည်းဆုံး သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။ ကိုအာရ် အစ္စလာမ်ကျမ်းစာမီးရှို့မှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲအပြီးမှာ အခုလို အကြမ်းဖက်မှုဖြစ်ပွားခဲ့တာပါ။

ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး အရာရှိချုပ် Alain LeRoy အခုလို သေဆုံးခဲ့ရတဲ့အထဲမှာ ဆွီဒင်နိုင်ငံသား ၁ ဦး၊ နော်ဝေးနိုင်ငံသား ၁ ဦးနဲ့ ရိုမေးနီယားနိုင်သား ၁ ဦးတို့အပြင် နီပေါလူမျိုး အစောင့်တပ်သား ၄ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ အာဖဂန်နိုင်ငံသားတွေထဲကတော့ သေဆုံးခဲ့တာမရှိဘူးလို့ သူကဆိုပါတယ်။

အာဖဂန်အရာရှိတွေကတော့ အခြားလူပေါင်း နှစ်ဒါဇင်ကျော်ဟာလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကပဲ ဒီတိုက်ခိုက်မှုအပြီး လူ ၂၅ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

နိုင်ငံရဲ့မြောက်ပိုင်း Balkh ခရိုင်ရဲ့မြို့တော် Mazar-e-Sharif မှာ လူပေါင်း ၁,၀၀၀ ကျော်ဟာ မနေ့က လမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြတာပါ။ သူတို့ဟာ ကိုအာရ်ကျမ်းစာကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ မီးရှို့ခဲ့တဲ့ သတင်းကိုကြားရလို့ အခုလိုဆန့်ကျင်ပြီး ဆန္ဒပြရတာလို့ဆိုပါတယ်။

နောက်ဆုံး CNN သတင်းမှာတက်လာတဲ့ သတင်းအရဆိုရင်တော့ သေဆုံးသူဟာ ၁၂ ဦးရှိသွားပြီး အဲဒီအထဲမှာ အာဖဂန်နိုင်ငံသား ၄ ဦးလည်းပါတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG