သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆေးရုံ အသေခံ ဗုံးခွဲမှု ၆ ဦးသေဆုံး

အာဖဂန်ဆေးရုံ အသေခံ ဗုံးခွဲမှု ၆ ဦးသေဆုံး
အာဖဂန်ဆေးရုံ အသေခံ ဗုံးခွဲမှု ၆ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် (Kabul) က စစ်ဆေးရုံ တခုမှာ အသေခံ ဗုံးခွဲမှုတခု ဖြစ်ခဲ့လို့ ဆေးကျောင်းသား ၆ ဦးထက်မနည်း သေဆုံးပြီး ၂၃ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

မိုဟာမက် ဒုခန် (Mohammad Daud Khan) ဆေးရုံက စားသောက်ဆိုင်အဖြစ် အသုံးပြုထားတဲ့ တဲတခုမှာ ဒီကနေ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ တာလီဘန်တွေကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်လို့ ပြောပါတယ်။

အသေခံ ဗုံးခွဲသမား ၂ ဦး ဆေးရုံနယ်မြေအတွင်း ဝင်ရောက်ခဲ့တယ်လို့ တာလီဘန် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။ အာဖဂန်နစ္စတန် ရဲတွေကတော့ ပေါက်ကွဲမှုတခုရဲ့ အသံပဲ ကြားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး နွေဦးကာလ တိုက်ခိုက်ရေးရာသီ စတင်ခဲ့ပြီလို့လည်း တာလီဘန်တွေက ကြေညာထားပါတယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) တို့က ပူးတွဲပြီး ပြစ်တင် ရှုတ်ချထားပါတယ်။

This item is part of
XS
SM
MD
LG