သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတခါဇိုင်း ညီ အသုဘ အသေခံ ဗုံးခွဲခံရ

သမ္မတခါဇိုင်း ညီ အသုဘ အသေခံ ဗုံးခွဲခံရ
သမ္မတခါဇိုင်း ညီ အသုဘ အသေခံ ဗုံးခွဲခံရ

အာဖဂန်နစ္စတန်နိုင်ငံမှာ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ရဲ့ အဖေတူ အမေကွဲ ညီဖြစ်သူ တနေ့ကပဲ လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ အာမက် ဝါလီ ခါဇိုင်း (Ahmad Wali Karzai) အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပရာ ကန်ဒါဟာမြို့က ဗလီမှာ အသေခံ ဗုံးခွဲသမားက တိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် ပြည်နယ် ဘာသာရေးကောင်စီ အကြီးအကဲ ဟက်ခ်မာတူလာ ဟက်ခ်မတ် (Hekmatullah Hekmat) သေဆုံးသွားတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ ကလေးတဦးလည်း သေဆုံးသွားသလို လွှတ်တော်အမတ်တဦး အပါအဝင် တခြား လူ ၁၅ ဦးလည်း ဒဏ်ရာတွေ ရသွားကြပါတယ်။

ဗုံးခွဲသမားဟာ ခေါင်းပေါင်းထဲမှာ ဖွက်ယူလာတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ တိုက်ခိုက်တဲ့ အချိန်မှာပဲ သမ္မတညီ အာမက် ဝါလီ ခါဇိုင်းရဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ အစိုးရ ဝန်ကြီးတွေ၊ ဥပဒေပြု အမတ်တွေ အပါအဝင် ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရရဲ့ ထိပ်တန်း အဖွဲ့ဝင်တွေလည်း ရောက်ရှိနေကြချိန် ဖြစ်ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီးတော့ သူတို့ကို လုံခြုံတဲ့နေရာ ခေါ်ဆောင်သွားကြပါတယ်။

ဒီကနေ့ တိုက်ခိုက်မှုအတွက် ဘယ်သူကမှ သူတို့ရဲ့ လက်ချက်ပါဆိုပြီး ထုတ်ဖော် ပြောကြားတာ မရှိသေးပါဘူး။

This item is part of
XS
SM
MD
LG