သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရမ်ကျမ်းစာ မီးရှို့မှုအပေါ် အာဖဂန်မှာ ၅ ရက်မြောက် ဆန္ဒပြ


ကိုရမ်ကျမ်းစာ မီးရှို့မှုအပေါ် အာဖဂန်မှာ ၅ ရက်မြောက် ဆန္ဒပြ
ကိုရမ်ကျမ်းစာ မီးရှို့မှုအပေါ် အာဖဂန်မှာ ၅ ရက်မြောက် ဆန္ဒပြ

အာဖဂန်နစ္စတန်နိုင်ငံမှာ ကိုရမ်ကျမ်းစာမီးရှို့တာကို ဆန္ဒပြမှုတွေ ၅ ရက်မြောက် ဆက်ဖြစ်နေချိန်မှာ သေနတ်သမားတွေက အနောက်နိုင်ငံသား ၂ ဦးကို ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အဦးထဲမှာ ပစ်သတ်လိုက်တယ်လို့ အာဖဂန် အရာရှိတွေက ဆိုပါတယ်။

နိုင်ငံမြောက်ပိုင်းက ရာနဲ့ချီတဲ့ နိုင်ငံသားတွေက ကုလသမဂ္ဂ ဝန်းထဲကို ခဲတွေနဲ့ပစ်ပေါက် ဆန္ဒပြခဲ့ကြပါတယ်။ အရာရှိတွေကတော့ Kanduz ဒေသမှာ ရုန်းရင်းဆန်ခတ်မှုအတွင်း အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး ၄၇ ဦး ဒဏ်ရာတွေ ရသွားကြတယ်လို့ ဆိုပါတယ်။

ဒီအရာရှိတွေကပဲ မူစလင် ဘာသာဝင်တွေရဲ့ အထွဋ်အမြတ် ကိုရမ်ကျမ်းစာအုပ်တွေကို ကဘူးမြို့နားက Bagram လေတပ်စခန်းမှာရှိတဲ့ နေတိုးတပ်ဖွဲ့က မီးရှို့ခဲ့တာကြောင့် ဆန္ဒပြပွဲတွေ စဖြစ်လာတဲ့ အင်္ဂါနေ့ကတည်းကဆိုရင် သေဆုံးရသူ စုစုပေါင်းက ၂၇ ဦးတောင် ရှိသွားပြီလို့ ဆက်ပြောပါတယ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) နဲ့ အခြား အရာရှိတွေဘက်က မူစလင် ဘာသာဝင်တွေရဲ့ အထွဋ်အမြတ် စာအုပ်တွေကို မီးရှို့ခဲ့တဲ့အပေါ် တောင်းပန်လာခဲ့ပေမဲ့ အာဖဂန်နိုင်ငံနဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတွေက ဒေါသူပုန်ထမှုတွေကိုတော့ ဖြေလျော့ပေးနိုင်ခြင်း မရှိသေးပါဘူး။

တချိန်တည်းမှာပဲ အာဖဂန်ကာကွယ်ရေး ဝန်ကြီးဌာနက လမ်းဘေးထောင်ဗုံးတစ်ခုကို စနက်တန်ဖြုတ်ပစ်ဖို့ ကြိုးပမ်းခဲ့စဉ်မှာ အာဖဂန်စစ်သား ၆ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၆ ဦးလည်း ဒီနေ့ စနေနေ့မှာပဲ ဒဏ်ရာတွေ ရသွားကြတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG