သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်သည် အမေရိကန်အတွက် အရေးပါသော မဟာမိတ်


အမေရိကန်ပြည်ထောင်စုနဲ့အတူ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရေရှည်တည်ဆောက်လာခဲ့တဲ့ စစ်ပွဲဒဏ်သင့်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ် နေတိုး အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ အဲဒီလို အရေးပါတဲ့ မဟာမိတ် နိုင်ငံတခုပဲလို့ အမေရိကန် အစိုးရက ကြေညာလိုက်ပါတယ်။ အာဖဂန်နစ္စတန် သမ္မတ ဟာမစ်ခါဇိုင်းနဲ့ ကဘူးမြို့မှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အာဖဂန်နစ္စတန်နဲ့ ပတ်သက်ပြီး အခုလို ကြေညာလိုက်တာပါ။

အာဖဂန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စု၊ ဒေသတွင်းနဲ့ ကမ္ဘာကြီးတခုလုံးကိုပါ ခြိမ်းခြောက်နေတဲ့ အယ်လ်ခိုင်းဒါးနဲ့ တခြား နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေ ခိုအောင်း နေထိုင်နိုင်တဲ့ နေရာတခု မဟုတ်တော့ဘူးလို့လည်း ဝန်ကြီးကလင်တန်က မစ္စတာ ခါဇိုင်းနဲ့ တွေ့ဆုံအပြီးမှာ ပြောသွားပါတယ်။ အမေရိကန်အနေနဲ့ အာဖဂန်နိုင်ငံကို စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ ဆိုပြီး ခုလို အာဖဂန်ကို အမေရိကန်က အဆင့်အတန်းသစ်တရပ်ထား သတ်မှတ်လိုက်တာဟာ အာဖဂန်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အမေရိကန်က သန္နိဌာန် အခိုင်အမာထား ဆောင်ရွက်နေတယ်ဆိုတာကို ပြသတဲ့ အရေးပါတဲ့ သင်္ကေတ တခုပဲလို့လည်း မစ္စ ကလင်တန်က ပြောပါတယ်။ ေ

နတိုး ညွှန့်ပေါင်းအဖွဲ့ဝင်တွေမဟုတ်တဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကို ကြေညာသွားတဲ့အထဲမှာ အာဖဂန်နိုင်ငံနဲ့အတူ အီဂျစ်၊ အစ္စရေး၊ ဂျပန်နဲ့ ပါကစ္စတန် နိုင်ငံတွေလည်း ပါဝင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ အာဖဂန်အရပ်သား ကူညီစောင့်ရှောက်ရေး နိုင်ငံတကာ ညီလာခံတခုကို တက်ရောက်ဖို့အတွက် ကဘူးမြို့ကနေ ဂျပန်နိုင်ငံကို သွားမှာဖြစ်ပါတယ်။ အဲဒီညီလာခံမှာ အရပ်သားတွေကို ရေရှည် ကူညီစောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် အလှူရှင်တွေ အနေနဲ့ နှစ်စဉ် ဒေါ်လာ သန်းပေါင်း ၄ ထောင် ကူညီသွားဖို့ ကတိပြုကြလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ဆီးရီးယားအရေး နိုင်ငံတကာ ညီလာခံတရပ် တက်ရောက်ခဲ့တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကနေ ထွက်ခွာလာခဲ့ပြီးတဲ့နောက် ကြိုတင်ကြေညာခြင်း မရှိဘဲ ကဘူးမြို့ကို စနေနေ့မှာ ဝန်ကြီး ကလင်တန် ရောက်လာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG