သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်လွတ်မြောက်ရေး အမေရိကန် ကြိုးပမ်းမှု သမ္မတဂါနီချီးကျူး


လွတ်လပ်ခွင့် ပိုမိုထွန်းကားရေးအတွက် ပံ့ပိုးပေးကြတဲ့အတွက် အမေရိကန်စစ်သားတွေ အပါအဝင် အမေရိကန်မဟာမိတ်တွေကို အာဖဂန်သမ္မတ Ashraf Ghani ဂုဏ်ပြုလိုက်ပါတယ်။

အာဖဂန်နိုင်ငံ လွတ်လပ်မှု ရှင်သန်ရေးအတွက် သင်တို့စစ်သည်တော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ အမေရိကန်တို့ရဲ့ ကြီးမားသော စွန့်လွှတ်မှုတွေကို အာဖဂန်ပြည်သူတွေ အသိအမှတ်ပြုပါတယ်။

မိုင်းထိလို့ ခြေပြတ်လက်ပြတ်ဖြစ်ခဲ့ရတဲ့ စစ်သည်တော်တွေ အငြိမ်းစားစစ်ပြန်တွေ ရန်သူရဲ့ သူရဲဘောကြောင်တဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ချစ်ခင်သူတွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေအပေါ် ကျနော်တို့အနေနဲ့ ပေးဆပ်စရာ ကျေးဇူးတရား ကြီးမားပါတယ်လို့ ဗုဒ္ဓဟူးနေ့က အမေရိကန် ကွန်ကရက်လွှတ်တော်မှာ Mr. Ghani ပြောကြားသွားပါတယ်။

Mr. Ghani ရဲ့ ခရီးစဉ်အတွင်း ကွန်ဂရက်လွှတ်တော်မှာ စကားပြောခွင့်ရတာဟာ နိုင်ငံခြားခေါင်းဆောင်တိုင်း ရရှိနိုင်တဲ့ အခွင့်အရေးတော့ မဟုတ်ပါဘူး။ အခုကိစ္စကတော့ ၁၄ နှစ် နီးပါး ဖြစ်ပွားခဲ့တဲ့စစ်ကြောင့် တင်းမာခဲ့ရတဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာအောင် အားထုတ်မှု တစိတ်တဒေသ ဖြစ်ပါတယ်။

XS
SM
MD
LG