သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်စစ်ပွဲ လျှို့ဝှက် အစီရင်ခံစာတွေ ပေါက်ကြားမှု အမေရိကန် ရှုတ်ချ

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ်။ ဇူလိုင် ၂၆၊ ၂၀၁၀။
အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ်။ ဇူလိုင် ၂၆၊ ၂၀၁၀။

အာဖဂန်နစ္စတန်စစ်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၆ လအတွင်း လျှို့ဝှက် အမေရိကန် စစ်ဘက် အစီရင်ခံစာတွေလို့ ဆိုတဲ့ ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေကို အများသိအောင် ထုတ်ပြန်မှုအပေါ် အမေရိကန် ပြည်ထောင်စုက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

Wikileaks ဝက်ဘ်ဆိုက်မှာ လျှို့ဝှက် အစီရင်ခံစာပေါင်း ၉၁,၀၀၀ နဲ့ ၇၆,၀၀၀ ကို တင်ထားတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ နိုင်ငံခြား တပ်ဖွဲ့ဝင်တွေက သူပုန်ပစ်မှတ်တွေကို ဝင်ရောက် စီးနင်းရာမှာ အရပ်ဘက် သေဆုံးမှုတွေ ပါဝင်ကြောင်း အသေးစိတ် အချက်အလက်တွေကို ဖော်ပြထားပါတယ်။

စာရွက်စာတမ်းတွေမှာ ပါကစ္စတန် ထောက်လှမ်းရေးဌာနက အာဖဂန် သူပုန်တွေကို အကူအညီ ပေးနေကြောင်းလည်း စွပ်စွဲ ဖော်ပြထားပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က အခုလို ပေါက်ကြားမှုတွေဟာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပြီး အမေရိကန် စစ်တပ်အပြင် မဟာမိတ်တွေကိုပါ အန္တရာယ် ရှိစေနိုင်တယ်လို့ သတင်းထောက်တွေကို တနင်္လာနေ့က ပြောခဲ့ပါတယ်။

စာရွက်စာတမ်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်မှုတွေတော့ မရှိကြောင်း၊ အမေရိကန် ပြည်ထောင်စု အနေနဲ့ အရပ်ဘက် သေဆုံး ဒဏ်ရာရရှိမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းနဲ့ ပါကစ္စတန် အနေနဲ့ စစ်သွေးကြွတွေအတွက် ခိုကိုးရာနေရာ ဖြစ်ခဲ့တာ ကြာပြီဖြစ်ကြောင်း ဂစ်ဘ်စ်က ပြောပါတယ်။

Wilileaks ကို မတည်ခဲ့သူ ဂျူလီယန် အာစန်း (Julian Assange) ကတော့ အထောက်အထားတွေဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း သက်သေပြရာ ရောက်တယ်လို့ သူယူဆကြောင်း လန်ဒန်မှာ သတင်းထောက်တွေကို တနင်္လာနေ့က ပြောကြားခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်ရာ မြောက်မမြောက်ကိုတော့ သက်ဆိုင်ရာ တရားရုံးတော်တွေက အဆုံးအဖြတ် ပေးရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

This item is part of
XS
SM
MD
LG