သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်နဲ့တိုက်တဲ့ အာဖဂန်စစ်ပွဲ ၁၀ နှစ်ပြည့်

တာလီဘန်နဲ့တိုက်တဲ့ အာဖဂန်စစ်ပွဲ ၁၀ နှစ်ပြည့်
တာလီဘန်နဲ့တိုက်တဲ့ အာဖဂန်စစ်ပွဲ ၁၀ နှစ်ပြည့်

လွန်ခဲ့တဲ့ ၁၀ နှစ် အာဖဂန်စစ်ပွဲစတင်ခဲ့ချိန်ကစပြီး အမေရိကန် နိုင်ငံသားတွေအတွက် နောက်ပိုင်းမှာ လုံခြုံမှုတွေ ပိုရှိလာခဲ့တယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောပါတယ်။ အာဖဂန်စစ်ပွဲမှာ အသက်ပေးခဲ့ရတဲ့ အမေရိကန်ဝန်ထမ်း ၁,၈၀၀၊ အာဖဂန်နိုင်ငံသားတွေ၊ မဟာမိတ်တပ်သားတွေကို အလေးပြုကြောင်း အမေရိကန် ဦးဆောင်တဲ့စစ်ပွဲ ၁၀ နှစ်မြောက်နေ့ဖြစ်တဲ့ သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြီး သမ္မတ အိုဘားမားက ဂုဏ်ပြုခဲ့ပါတယ်။

အာဖဂန်နစ္စတန်နဲ့ အီရန်နိုင်ငံတွေမှာ စစ်ပွဲပြီးဆုံးချိန်အထိ အမေရိကန်က တာဝန်ယူပြီး ဒီနိုင်ငံတွေ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့ အနေအထားရောက်အောင် လုပ်ဆောင်မယ်လို့ သမ္မတက ပြောပါတယ်။

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အမေရိကန်နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် တစ်လမပြည့်ခင်မှာပဲ အယ်လ်ခိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင် (Osama bin Laden) ကို ရှာဖွေဖို့နဲ့ တာလီဘန်တွေကို ဖြုတ်ချဖို့ အမေရိကန်က အာဖဂန်နစ္စတန် စစ်ဆင်ရေး စတင်ခဲ့တာပါ။

၁၀ နှစ်ကြာတဲ့အချိန်မှာ အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံစိတ်ချဖို့ အာဖဂန်အစိုးရကရော၊ နိုင်ငံတကာ မိတ်ဆွေတွေကပါ မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း (Hamid Karzai) က ပြောပါတယ်။ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ၊ နေတိုးတပ်တွေနဲ့ အမေရိကန်နိုင်ငံတွေကပါ တာလီဘန်တွေကို အမြစ်ပြတ် ချေမှုန်းဖို့ အာရုံစိုက်သင့်တယ်လို့ ဆိုပါတယ်။ တာလီဘန်တွေကို ပါကစ္စတန်ဘက်က ထောက်ပံ့မှုတွေ ပေးနေတယ်လို့ အာဖဂန်ခေါင်းဆောင်က ထပ်တလဲလဲ ပြောဆိုနေပေမဲ့ ပါကစ္စတန်ကတော့ ဒါကို ငြင်းဆိုပါတယ်။

This item is part of
XS
SM
MD
LG