သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္႐ုပ္သံသတင္းတင္ဆက္သူ အမ်ိဳးသမီးေတြ မ်က္ႏွာကာထားရ


Afghanistan Womens Rights

အာဖဂန္နစၥတန္ႏိုင္ငံက ထိပ္တန္းသတင္း ႐ုပ္သံလိုင္းေတြက အမ်ိဳးသမီးသတင္း တင္ဆက္သူေတြဟာ၊ ဒီေန႔ တနဂၤေႏြေန႔မွာေတာ့ သူတို႔ရဲ႕ မ်က္ႏွာေတြကို ဖုံးၿပီးေတာ့ သတင္းတင္ဆက္ခဲ့ၾကပါတယ္။ အမ်ိဳးသမီးသတင္း ေၾကျငာသူေတြအေနနဲ႔ ႐ုပ္သံကေန သတင္းေတြ တင္ဆက္တဲ့အခါမွာ မ်က္ႏွာကိုဖုံးထားဖို႔ တာလီဘန္ေတြဘက္က အမိန႔္ထုတ္ခဲ့တာကို မလိုက္နာဘဲ အာခံၿပီး တရက္အၾကာမွာေတာ့ အခုလို ျပန္ၿပီးေတာ့ မ်က္ႏွာေတြကို ဖုံးလိုက္ရတာ ျဖစ္ပါတယ္။

တာလီဘန္ေတြဟာ မႏွစ္က အာဏာရခ်ိန္ကစၿပီး၊ လူမႈအသိုင္းအဝိုင္းအေပၚမွာ ကန႔္သတ္ခ်က္ေတြ အေတာ္မ်ားမ်ားခ်မွတ္ခဲ့ၿပီး၊ အဲဒီထဲက အမ်ားစုကေတာ့ အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးေတြရဲ႕ အခြင့္အေရးနဲ႔ ပတ္သက္ၿပီး အစၥလာမ္ဘာသာရဲ႕ တင္းၾကပ္တဲ့စည္းကမ္းေတြကို လိုက္နာဖို႔ အဓိကအေလးေပးခဲ့တာ ျဖစ္ပါတယ္။

အခုလ အေစာပိုင္းကေတာ့ အာဖဂန္ႏိုင္ငံရဲ႕ ဘာသာေရးေခါင္းေဆာင္ Hibatullah Akhundzada က အမ်ိဳးသမီးေတြအေနနဲ႔ အမ်ားျပည္သူ ျမင္ကြင္းမွာ မ်က္ႏွာအပါအဝင္ တကိုယ္လုံးကို အျပည့္ကာထားဖို႔ အမိန႔္ထုတ္ျပန္ခဲ့ပါတယ္။ အာဖဂန္အစိုးရဝန္ႀကီးဌာနကလည္း အမ်ိဳးသမီး သတင္းေၾကျငာသူေတြအေနနဲ႔ အဲဒီအမိန႔္ကိုလိုက္နာဖို႔ အမိန႔္ထုတ္ခဲ့ပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီး သတင္းေၾကျငာသူေတြကေတာ့ အဲဒီအမိန႔္ကို မလိုက္နာဘဲ၊ သတင္းေၾကျငာတဲ့အခ်ိန္မွာ သူတို႔ရဲ႕မ်က္ႏွာေတြကို မကာဘဲ ေၾကျငာခဲ့ၿပီး ဒီေန႔မွာ ျပန္ၿပီးေတာ့ ကာခဲ့တာ ျဖစ္ပါတယ္။

=== Unicode ===

အာဖဂန်နစ္စတန်နိုင်ငံက ထိပ်တန်းသတင်း ရုပ်သံလိုင်းတွေက အမျိုးသမီးသတင်း တင်ဆက်သူတွေဟာ၊ ဒီနေ့ တနင်္ဂနွေနေ့မှာတော့ သူတို့ရဲ့ မျက်နှာတွေကို ဖုံးပြီးတော့ သတင်းတင်ဆက်ခဲ့ကြပါတယ်။ အမျိုးသမီးသတင်း ကြေငြာသူတွေအနေနဲ့ ရုပ်သံကနေ သတင်းတွေ တင်ဆက်တဲ့အခါမှာ မျက်နှာကိုဖုံးထားဖို့ တာလီဘန်တွေဘက်က အမိန့်ထုတ်ခဲ့တာကို မလိုက်နာဘဲ အာခံပြီး တရက်အကြာမှာတော့ အခုလို ပြန်ပြီးတော့ မျက်နှာတွေကို ဖုံးလိုက်ရတာ ဖြစ်ပါတယ်။

တာလီဘန်တွေဟာ မနှစ်က အာဏာရချိန်ကစပြီး၊ လူမှုအသိုင်းအဝိုင်းအပေါ်မှာ ကန့်သတ်ချက်တွေ အတော်များများချမှတ်ခဲ့ပြီး၊ အဲဒီထဲက အများစုကတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာရဲ့ တင်းကြပ်တဲ့စည်းကမ်းတွေကို လိုက်နာဖို့ အဓိကအလေးပေးခဲ့တာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းကတော့ အာဖဂန်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင် Hibatullah Akhundzada က အမျိုးသမီးတွေအနေနဲ့ အများပြည်သူ မြင်ကွင်းမှာ မျက်နှာအပါအဝင် တကိုယ်လုံးကို အပြည့်ကာထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အာဖဂန်အစိုးရဝန်ကြီးဌာနကလည်း အမျိုးသမီး သတင်းကြေငြာသူတွေအနေနဲ့ အဲဒီအမိန့်ကိုလိုက်နာဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသမီး သတင်းကြေငြာသူတွေကတော့ အဲဒီအမိန့်ကို မလိုက်နာဘဲ၊ သတင်းကြေငြာတဲ့အချိန်မှာ သူတို့ရဲ့မျက်နှာတွေကို မကာဘဲ ကြေငြာခဲ့ပြီး ဒီနေ့မှာ ပြန်ပြီးတော့ ကာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG