(Zawgyi / Unicode)
အာဖဂန္နစၥတန္ႏိုင္ငံမွာ အမ်ဳိးသမီးေတြ လူျမင္ကြင္းမွာ သြားလာၾကတဲ့အခါ ေျခဆုံး ေခါင္းဆုံး ေခါင္းၿမီးၿခံဳဖို႔ တာလီဘန္တို႔က စေနေန႔မွာ အမိန္႔ထုတ္လိုက္ပါတယ္။ ဒါဟာဆိုရင္ အာဖဂန္မွာ တာလီဘန္တို႔ အာဏာျပန္ရၿပီးေနာက္ ၉ လတာအတြင္း အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးအေပၚ ထပ္ၿပီး ထိန္းခ်ဳပ္ဟန္႔တားမႈလည္း ျဖစ္ပါတယ္။
ဒီစည္းကမ္းကို အာဖဂန္ အမ်ိဳးသမီးအားလံုး တင္းတင္းက်ပ္က်ပ္ လိုက္နာၾကရမယ္လို႔ တာလီဘန္အႀကီးအကဲ Hibatullah Akhundzada က ၫႊန္ၾကားခ်က္ ထုတ္လိုက္တာ ျဖစ္ေၾကာင္း အက်င့္သီလ စင္ၾကယ္ေရးနဲ႔ ဒုစ႐ိုက္ကာကြယ္ေရး ဝန္ႀကီးဌာနက ကာဘူးလ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အေသးစိတ္ ထုတ္ျပန္ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
အိမ္ျပင္ထြက္တဲ့ အမ်ိဳးသမီးက မ်က္ႏွာကို ဖံုးကာမထားဘူးဆိုရင္ေတာ့ ဖခင္၊ အစ္ကို၊ ေမာင္ ဒါမွမဟုတ္လည္း ခင္ပြန္းတို႔လို အမ်ိဳးသမီးေတြကို အုပ္ထိန္းသူေတြကို သတိေပးမွာျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ ေထာင္ ၃ ရက္ က်ခံရမွာျဖစ္ေၾကာင္း ဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။
ဒီၫႊန္ၾကားခ်က္ကို ဆက္ၿပီး ခ်ိဳးေဖာက္ရင္ေတာ့ အုပ္ထိန္းသူကို ပိုၿပီးျပင္းထန္တဲ့ အျပစ္ေပးဖို႔ တရားရံုးမွာ ရင္ဆိုင္ရမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပပါတယ္။
အစိုးရဝန္ထမ္း အမ်ိဳးသမီးေတြ မ်က္ႏွာကို ဖံုးကြယ္မထားရင္ အလုပ္ထုတ္မွာျဖစ္ၿပီး အမ်ိဳးသားဝန္ထမ္းေတြ အေနနဲ႔ေတာ့ သူတို႔မိသားစုထဲက အမ်ိဳးသမီးေတြ ၫႊန္ၾကားခ်က္ကို ခ်ိဳးေဖာက္ရင္ အလုပ္က ရပ္နားခံရမွာျဖစ္ေၾကာင္းလည္း ဝန္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
--------------------------------
(Unicode)
အာဖဂန်အမျိုးသမီးတွေ လူမြင်ကွင်းမှာ ခြေဆုံးခေါင်းဆုံး ခေါင်းမြီးခြုံဖို့ တာလီဘန်တွေ အမိန့်ထုတ်
အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေ လူမြင်ကွင်းမှာ သွားလာကြတဲ့အခါ ခြေဆုံး ခေါင်းဆုံး ခေါင်းမြီးခြုံဖို့ တာလီဘန်တို့က စနေနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။ ဒါဟာဆိုရင် အာဖဂန်မှာ တာလီဘန်တို့ အာဏာပြန်ရပြီးနောက် ၉ လတာအတွင်း အမျိုးသမီးတွေရဲ့ အခွင့်အရေးအပေါ် ထပ်ပြီး ထိန်းချုပ်ဟန့်တားမှုလည်း ဖြစ်ပါတယ်။
ဒီစည်းကမ်းကို အာဖဂန် အမျိုးသမီးအားလုံး တင်းတင်းကျပ်ကျပ် လိုက်နာကြရမယ်လို့ တာလီဘန်အကြီးအကဲ Hibatullah Akhundzada က ညွှန်ကြားချက် ထုတ်လိုက်တာ ဖြစ်ကြောင်း အကျင့်သီလ စင်ကြယ်ရေးနဲ့ ဒုစရိုက်ကာကွယ်ရေး ဝန်ကြီးဌာနက ကာဘူးလ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ် ထုတ်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အိမ်ပြင်ထွက်တဲ့ အမျိုးသမီးက မျက်နှာကို ဖုံးကာမထားဘူးဆိုရင်တော့ ဖခင်၊ အစ်ကို၊ မောင် ဒါမှမဟုတ်လည်း ခင်ပွန်းတို့လို အမျိုးသမီးတွေကို အုပ်ထိန်းသူတွေကို သတိပေးမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ထောင် ၃ ရက် ကျခံရမှာဖြစ်ကြောင်း ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီညွှန်ကြားချက်ကို ဆက်ပြီး ချိုးဖောက်ရင်တော့ အုပ်ထိန်းသူကို ပိုပြီးပြင်းထန်တဲ့ အပြစ်ပေးဖို့ တရားရုံးမှာ ရင်ဆိုင်ရမှာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။
အစိုးရဝန်ထမ်း အမျိုးသမီးတွေ မျက်နှာကို ဖုံးကွယ်မထားရင် အလုပ်ထုတ်မှာဖြစ်ပြီး အမျိုးသားဝန်ထမ်းတွေ အနေနဲ့တော့ သူတို့မိသားစုထဲက အမျိုးသမီးတွေ ညွှန်ကြားချက်ကို ချိုးဖောက်ရင် အလုပ်က ရပ်နားခံရမှာဖြစ်ကြောင်းလည်း ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။