သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် စစ်ထောက်လှမ်းရေး အငြင်းပွားစရာဖြစ်

ပါကစ္စတန် စစ်ထောက်လှမ်းရေး အငြင်းပွားစရာဖြစ်
ပါကစ္စတန် စစ်ထောက်လှမ်းရေး အငြင်းပွားစရာဖြစ်

အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန် ပစ်မှတ်တွေကို အယ်လ်ခိုင်းဒါးနဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွတွေက တိုက်ခိုက်ရာမှာ ပါကစ္စတန် စစ်ထောက်လှမ်းရေးက ထောက်ခံပံ့ပိုးခဲ့တယ် ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေက အချက်အလက်အပေါ် အခြေခံထားတာ မဟုတ်ဘူးလို့ ပြောဆိုပြီး ပါကစ္စတန် စစ်တပ် အကြီးအကဲက ပယ်ချလိုက်ပါတယ်။

ဟာကာနီ (Haqqani) စစ်သွေးကြွတွေက အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန် ပစ်မှတ်တွေကို တိုက်ခိုက်ပြီး တဘက် ပါကစ္စတန် မြောက်ပိုင်း ဝါဇီရစ္စတန် လူမျိုးစုတွေ နေထိုင်တဲ့ ဒေသမှာ သွားရောက် ခိုလှုံခဲ့ကြတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောခဲ့တာကြာပါပြီ။ ဟာကာနီ ကွန်ရက်ဟာ အဖွဲ့ပေါင်းစုံ ပါကစ္စတန် ထောက်လှမ်းရေးရဲ့ လက်ရုံးသဖွယ် ဖြစ်နေတယ်လို့ အမေရိကန် စစ်ဦးစီးချုပ်များ ပူးတွဲကော်မီတီ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး Mike Mullen က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ် အမေရိကန် သံရုံးနဲ့ နေတိုး စစ်ဌာနချုပ်တွေကို ဟာကာနီက တိုက်ခိုက်ခဲ့ရာမှာလည်း အဖွဲ့ပေါင်းစုံ ပါကစ္စတန် ထောက်လှမ်းရေးက ပံ့ပိုးခဲ့သလို အာဖဂန်နစ္စတန် အလယ်ပိုင်းက နေတိုး အခြေစိုက်စခန်းတခုမှာ လူ ၇၇ ယောက် ဒဏ်ရာရခဲ့ရတဲ့ စက်တင်ဘာလ ၁၀ ရက် ကားဗုံး ဖောက်ခွဲမှုမှာလည်း ပံ့ပိုးခဲ့တယ်လို့ သူက ပြောပါတယ်။

ပါကစ္စတန် တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး Ashfaq Pervez Kayani ကတော့ ဗိုလ်ချုပ်ကြီး မူလန်ရဲ့ ပြောဆိုချက်တွေဟာ အပြစ်ဖို့နေတဲ့ ကစားပွဲတခုသာ ဖြစ်ပြီး သူ့ရဲ့ စွပ်စွဲချက်တွေကို ကြေညာချက်မှာ ပယ်ချလိုက်ပါတယ်။

This item is part of
XS
SM
MD
LG