သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၀ နှစ်ပြည့်အာဖဂန်စစ် ငြိမ်းဖွယ်မရှိသေး

၁၀ နှစ်ပြည့်အာဖဂန်စစ် ငြိမ်းဖွယ်မရှိသေး
၁၀ နှစ်ပြည့်အာဖဂန်စစ် ငြိမ်းဖွယ်မရှိသေး

အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ အာဖဂန်နစ္စတန်ကို စစ်ဝင်တိုက်ခဲ့တာ ဒီနေ့ သောကြာနေ့မှာ ၁၀ နှစ်ပြည့်ခဲ့ပါပြီ။ ဒီစစ်ပွဲကြောင့် အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်မှု အဆုံးသတ်သွားပေမဲ့ အမေရိကန်တို့အတွက် အရှည်ကြာဆုံး စစ်ပွဲတခုဖြစ်နေသလို ထောင်နဲ့ချီတဲ့ အသက်တွေ ဆုံးရှုံးခဲ့ယုံမက စစ်စရိတ် ကုန်ကျမှုကလည်း ဒေါ်လာ ဘီလျံနဲ့ချီ ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှု ခံရအပြီး ၁ လတောင်မပြည့်ခင် အယ်လ်ခိုင်းဒါးခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို လိုက်ရှာနေချိန်မှာ တာလီဘန်အစိုးရကို ဖြုတ်ချနိုင်ဖို့ စစ်ပွဲကို စတင်ခဲ့တာဖြစ်ပါတယ်။ ၁၀ နှစ်ကြာလာချိန်မှာ သူ့အစိုးရနဲ့ နိုင်ငံတကာ မဟာမိတ်တွေဟာ အာဖဂန်ပြည်သူတွေ အတွက် လုံခြုံမှုကို မပေးနိုင်သေးဘူးလို့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း (Hamid Karzai) က ပြောခဲ့ပါတယ်။

စစ်ပွဲအစပိုင်းမှာ တာလီဘန်တွေ ပုန်းအောင်းနေရာတွေ ရှင်းပစ်ဖို့ နေတိုးတပ်ဖွဲ့၊ အမေရိကန်နဲ့ အိမ်နီးချင်း ပါကစ်စတန်နိုင်ငံတွေက အာရုံစိုက်ခဲ့သင့်တယ်လို့ BBC နဲ့ အင်တာဗျူးမှာ မစ္စတာခါဇိုင်းက ပြောခဲ့ပါတယ်။ တာလီဘန်တွေကို ပါကစ်စတန်နိုင်ငံထဲက ထောက်ပံ့မှုတွေ ပေးနေတာလို့လည်း အာဖဂန်ခေါင်းဆောင်က ထပ်မံစွပ်စွဲခဲ့ပါတယ်။ ဒီစွပ်စွဲချက်ကို ပါကစ်စတန်အစိုးရက အမြဲငြင်းဆန်နေတာ ဖြစ်ပါတယ်။

သာမန် အာဖဂန်ပြည်သူတွေ စိတ်ချယုံကြည်ပြီး တာဘီဘန်တွေကို တန်ပြန် တိုက်ခိုက်နိုင်မယ့် တရားဝင်အစိုးရ ပေါ်ပေါက်ရေးဟာ အခက်အခဲဆုံး လုပ်စရာတစ်ခု အနေနဲ့ အာဖဂန်မှာ ကျန်နေသေးတယ်လို့ အငြိမ်းစား အမေရိကန်စစ်ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ်တယ်လ် (Stanley McChrystal) က နှစ်ပတ်လည် အကြိုမိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ ဗိုလ်ချုပ်ကြီး မက်ခရစ်စတယ်လ် ဟာ အာဖဂန်က ပူးပေါင်းတပ်တွေအတွက် ၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ တပ်မှူးကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

နေတိုးတပ်ဖွဲ့ကတော့ လက်ရှိ အာဖဂန်နိုင်ငံရဲ့ လုံခြုံရေးတာဝန်ကို အာဖဂန်အစိုးရလက်ထဲ လွှဲပြောင်း ပေးရေးဟာ အစီအစဉ်အတိုင်း သွားနေပါတယ်လို့ ပြောပါတယ်။ ၂၀၁၄ ခုနှစ်မကုန်ခင်မှာ နိုင်ငံထဲကနေ နိုင်ငံခြားတိုက်ခိုက်ရေး တပ်ဖွဲ့တွေအားလုံး ရုတ်သိမ်းရေး အစီအစဉ်အရ အာဖဂန်စစ်တပ်နဲ့ ရဲတပ်ဖွဲ့လက်ကို လုံခြုံရေးတာဝန်တွေ လွှဲပြောင်းရေး လုပ်ငန်းစဉ်တွေကို ပူးပေါင်းတပ်တွေက တဆင့်ချင်းစီ လုပ်နေပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG