သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်စခန်း အာဖဂန်စစ်သွေးကြွ ဝင်တိုက်


အမေရိကန်စစ်စခန်း အာဖဂန်စစ်သွေးကြွ ဝင်တိုက်
အမေရိကန်စစ်စခန်း အာဖဂန်စစ်သွေးကြွ ဝင်တိုက်

အာဖဂန်နစ္စတန်နိုင်ငံမှာ နိုင်ငံအရှေ့မြောက်ပိုင်း စစ်သွေးကြွအုပ်စုတွေက အမေရိကန် စစ်အခြေစိုက်စခန်း တစ်ခုကို ဝင်တိုက်ဖို့ကြိုးစားရင်း ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြည်နယ်ရဲ့ ပြောခွင့်ရှိသူတစ်ဦးက အသေခံ ဗုံးခွဲသမား လေးဦးဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ Panjshir ပြည်နယ်က တိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန် ဆောက်လုပ်ရေးအဖွဲ့ တစ်ခုကို ပစ်မှတ်ထားခဲ့တယ်လို့ဆိုပါတယ်။

အသေခံဗုံးသမား သုံးဦးကတော့ ခြေလျင်ဝင်တိုက်ခဲ့ပြီး နောက်တစ်ဦးကတော့ ဖောက်ခွဲရေးပစ္စည်းတွေ တင်ထားတဲ့ ကားတစ်စီးပေါ်ကနေ စနက်တံဖြုတ် ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ပြည်နယ် ပြောခွင့်ရသူကပဲ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို တာလီဘန်အဖွဲ့က သူတို့လုပ်တာလို့ ပြောလိုက်ပါတယ်။ ဒီ အသေခံဗုံးသမား လေးဦးစလုံး သေဆုံးခဲ့ပြီး လုံခြုံရေးအစောင့် နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ နေတိုး မဟာမိတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း ဒီဖြစ်ရပ်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပြီး နိုင်ငံခြားသား ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG