သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ထူထောင်ရေး ဒေါ်လာသန်းပေါင်း ၁၆,၀၀၀ ကူညီဖို့ အလှူရှင်တွေကတိပြု

ဂျပန်နိုင်ငံ တိုကျို မြို့တော်မှာ ကျင်းပတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ကူညီရေး အစိုးရများနဲ့ အဖွဲ့အစည်းများက လာမယ့် လေးနှစ်အတွင်း အာဖဂန် ပြန်လည် ထူထောင်ရေးအတွက် ဒေါ်လာ သန်းပေါင်း တသောင်းခြောက်ထောင် ကူညီကြဖို့ သဘောတူ ဆုံးဖြတ်ကြပါတယ်။ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းရဲ့ မေတ္တာရပ်ခံချက်အရ တနှစ်ကို ဒေါ်လာ သန်းပေါင်း လေးထောင် ကူညီသွားကြဖို့ တနင်္ဂနွေနေ့က သဘောတူညီကြပါတယ်။

ယခင်က အာဖဂန်နစ္စတန်နိုင်ငံမှာ အကျင့်ပျက်မှုတွေ အလွန်ကြီးမားနေတဲ့အတွက် အကူအညီပေးခဲ့တဲ့ ရန်ပုံငွေတွေ သုံးစွဲရာမှာ အလေအလွင့် များခဲ့ရတဲ့အကြောင်း၊ ဒါကြောင့် အကျင့်ပျက်မှုတွေကို အပြင်းထန်ဆုံး တိုက်ဖျက်သွားမှာဖြစ်ကြောင်း သမ္မတ ခါဇိုင်းက သတိပေး ပြောဆိုသွားပါတယ်။

လာမယ့် လေးနှစ်အတွင်း အာဖဂန်နစ္စတန် အုပ်ချုပ်စီမံရေး အရပ်ရပ် စံပြုထားတာနဲ့အညီ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ရင် ထောက်ပံ့မှု ရန်ပုံငွေတွေကို ရပ်ဆိုင်း ထိန်းချုပ်ခံရမယ် ဆိုတဲ့ သဘောတူညီမှုလည်း ပါဝင်ပါတယ်။

This item is part of
XS
SM
MD
LG