သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၅၇ ဦးထက်မနည်း သေဆုံး

အသေခံဗုံးခွဲတိုက်ခိုက်ပြီးနောက် တွေ့ရသည့် အဝတ်အစားနှင့် ဖိနပ်များ။ ၂၂ ဧပြီ ၂၀၁၈။
အသေခံဗုံးခွဲတိုက်ခိုက်ပြီးနောက် တွေ့ရသည့် အဝတ်အစားနှင့် ဖိနပ်များ။ ၂၂ ဧပြီ ၂၀၁၈။

အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော်က မဲဆန္ဒရှင် အသိအမှတ်ပြုကဒ်ပြား ထုတ်ပေးတဲ့ဌာနမှာ တနင်္ဂနွေနေ့က အသေခံ ဗုံးခွဲတာကြောင့် လူပေါင်း ၅၇ ယောက် ထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသွားပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးနိုင်ရေး မဲဆန္ဒရှင်အသိအမှတ်ပြုကဒ်ပြားထုတ်ဖို့ ဌာနအပြင်ဘက် မှာ လူတွေ တန်းစီစောင့်ဆိုင်းနေချိန် အသေခံဗုံးခွဲသူက သူ့ကိုယ်မှာပတ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲလိုက်တာလို့ ပြည်ထဲရေးဌာနပြောခွင့်ရ Najeeb Danish က ဗွီအိုအေကိုပြောပါတယ်။

ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရဲ့ အခြေအနေဟာ သိပ်ကိုစိုးရိမ်ရတယ်လို့ ဆေးရုံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီဖောက်ခွဲမှုကို သူတို့လုပ်တာဖြစ်တဲ့အကြောင်း IS အကြမ်းဖက်အဖွဲ့က ကြေညာပါတယ်။

ကာဘူးလ်မြို့တော်က ကျောင်းတကျောင်းမှာဖွင့်ထားတဲ့ အဲဒီဌာနကို အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုအပေါ် အာဖဂန်အစိုးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Abdullah Abdullah က ပြစ်တင်ရှုတ်ချပါတယ်။

“ဒီ သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှုကြောင့် ဘေးဒဏ်သင့်ရသူတွေနဲ့ ကျနော် အတူတကွရပ်တည်ပါတယ်၊ မျှတပြီး ပွင့်လင်းမြင် သာတဲ့ ရွေးကောက်ပွဲဖြစ်ရေး ကျနော်တို့ရဲ့ သန္နိဋ္ဌာန်ကို ဆက်လုပ်သွားမှာပါ၊ အာဖဂန်လူထုရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး အကြမ်းဖက် ဝါဒီတွေ အနိုင်ရမှာမဟုတ်ပါဘူး” လို့ Abdulllah က သူ့ရဲ့ တရားဝင် Twitter စာမျက်နှာမှာရေးပါတယ်။

အာဖဂန်နစ္စတန်မှာ အောက်တိုဘာလ ၂၀ ရက်နေ့ကျရင် ခရိုင်ကောင်စီရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိပြီး တရားဝင်မဲဆန္ဒရှင် စာရင်းပေါ်မှာ အခြေခံပြီး ရွေးကောက်ပွဲလုပ်တာ အာဖဂန်သမိုင်းမှာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်။

အာဖဂန်အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၅၇ ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG