သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်မှာ အကြမ်းဖက်မူတိုး


အာဖဂန်နစ္စတန်နိုင်ငံအတွင်း ကားဗုံးပေါက်ကွဲမှုများ အသေခံဗုံးဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်ပွါးခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း ကားဗုံးပေါက်ကွဲမှုများ အသေခံဗုံးဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်ပွါးခဲ့ပါတယ်။
သြဂုတ်လ၁၄ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက အီရန်၊ ပါစ္စတန်နိုင်ငံတွေနဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ နင်း(မ်)ရော့ဇ် (Nimroz) ပြည်နယ်၊ ဇာရန်(ဂျ်) (Zaranj) မြို့မှာ၊ အသေခံဗုံးဖောက်ခွဲမူတွေနဲ့ အာဖဂန်နစ္စတန် မြောက်ပိုင်းမှာ အဝေးထိန်းခလုတ် ဗုံးဖောက်ခွဲမူကြောင့် နိုင်ငံတဝှမ်းမှာ အနည်းဆုံး လူ၄၅ဦး သေဆုံးပြီး လူတစ်ရာနီးပါး ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။

ပုံမှန်အားဖြင့် အေးချမ်းငြိမ်သက်တဲ့ ဇာရန်(ဂျ်)မြို့မှာ အနည်းဆုံး အသေခံဗုန်းခွဲသမား သုံးဦးက လူစည်ကားတဲ့ ဈေးတစ်ခုအပါအဝင် သုံးနေရာခွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအများစုနဲ့ လုံခြုံရေးတပ်ဖွဲ့တချို့အပါအဝင် လူ၃၆ဦး သေဆုံးခဲ့ရပြီးတော့ လူ၇၀ကျော် ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ အာဖဂန်နစ္စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဇာရန်(ဂျ်)မြို့ မှာပဲ မသင်္ကာသူတွေကို ဖမ်းဆီးထိန်းသိမ်းစဉ်မှာ သူတို့မှာ ပါလာတဲ့ ဗုံးဖောက်ခွဲဖို့ ကြိုးစားတဲ့အတွက်ကြောင့် လုံခြံရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့လို့ မသင်္ကာသူ ငါးဦး သေဆုံး သွားခဲ့ပါတယ်။ မြောက်ပိုင်းက ခွန်ဒူး(ဇ်) (Kunduz) ပြည်နယ်မှာလည်း လူစည်ကားတဲ့ ဈေးတစ်ခုအနီးမှာ ရပ်ထားတဲ့ မော်တော်ဆိုင်ကယ်မှာ တပ်ဆင်ထားတဲ့ ဗုံးကို အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲခဲ့တာကြောင့် အနည်းဆုံး လူခုနှစ်ဦး သေဆုံးပြီး လူ၂၅ယောက်ကျော် ဒဏ်ရာတွေရရှိသွားခဲ့ပါတယ်။ ဇာရန်(ဂျ်)မြို့ မှာ တိုက်ခိုက်ခံရမူဟာ ဒီနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ အဆိုးဝါးဆုံး တိုက်ခိုက်ခံရမူဖြစ်ပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG