သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ ရဟတ်ယာဉ်ပျက် အမေရိကန်စစ်သည် ၃၀ ကျော်သေဆုံး

အာဖဂန်မှာ ရဟတ်ယာဉ်ပျက် အမေရိကန်စစ်သည် ၃၀ ကျော်သေဆုံး
အာဖဂန်မှာ ရဟတ်ယာဉ်ပျက် အမေရိကန်စစ်သည် ၃၀ ကျော်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ နိုင်ငံစုံညွှန့်ပေါင်းတပ်ဖွဲ့ဝင်တွေဘက်က ရဟတ်ယာဉ်တစီး ဒီကနေ့ မနက်ပိုင်းမှာ ပျက်ကျခဲ့လို့ အမေရိကန်တပ်ဖွဲ့ဝင် ၃၁ ဦးနဲ့ အာဖဂန်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးသွားတယ်လို့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းက ပြောပါတယ်။ အခုလို ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးရတဲ့လူ အရေအတွက်ဟာ ၂၀၀၁ ခုနှစ် အာဖဂန်စစ်ပွဲစတင်ကတည်းကဆိုရင် အများဆုံးပဲလို့ဆိုပါတယ်။

တာလီဘန်တွေကတော့ အဲဒီရဟတ်ယာဉ်ကို ဒုံးကျည်နဲ့သူတို့ပစ်ချခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ အတွင်း သူတို့ဘက်ကလည်း ၈ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အာဖဂန်ကညွှန့်ပေါင်းတပ်ဖွဲ့တွေကလည်း ရဟတ်ယာဉ်ပျက်ကျတဲ့ကိစ္စကို အတည်ပြုချက်ပေးပါတယ်။ ဒါပေမဲ့ လူအသေအပျောက်နဲ့ ထိခိုက်မှုတွေကိုတော့ အသေးစိတ် မပြောပါဘူး။ ဒီအဖြစ်အပျက်ဟာ ရန်သူရဲ့ တိုက်ခိုက်မှုလို့တော့ သူတို့ကဆိုပါတယ်။

အခုလုပ်ရပ်နဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချတယ်လို့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းက ပြောလိုက်ပြီး သေဆုံးခဲ့ရသူတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက်လည်း ဝမ်းနည်းရတဲ့အကြောင်း သူကပြောပါတယ်။

This item is part of
XS
SM
MD
LG