သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် Helmand ခရိုင် တာလီဘန်လက်ထဲကျ


အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရသူတဦးကို သယ်ဆောင်လာစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၅)
အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရသူတဦးကို သယ်ဆောင်လာစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၅)

ပါကစ္စတန်နိုင်ငံနဲ့ နယ်စပ်ချင်းဆက်စပ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံထဲက Helmand ဒေသကို အစ္စလာမ်မစ် သူပုန်အုပ်စုက ထိန်းချုပ်ထားလိုက်ပြီလို့ အစိုးရအရာရှိတွေနဲ့ တာလီဘန်သတင်းရပ်ကွက်က အတည်ပြု ပါတယ်။ တာလီဘန်တို့က Khanashin ရွာကို ညအချိန် ရှောင်တခင်ဝင်စီးခဲ့ပြီး ဒေသတွင်း အချို့နေရာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်ပွားနေတယ်လို့ ဒေသခံအုပ်ချုပ်ရေးဌာန ပြောခွင့်ရသူက အာဖဂန် သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

တာလီဘန်တို့ရဲ့အဆိုအရ ရန်သူတွေကို ဖယ်ရှားလိုက်ပြီးတဲ့နောက် ဒေသတခုလုံးကို ထိန်းချုပ်လိုက်တာ ဖြစ်တယ်လို့ တာလီဘန်ပြောခွင့်ရသူတဦးက ဆိုပါတယ်။ VOA ကိုပေးပို့တဲ့ တာလီဘန်တို့ရဲ့ထုတ်ပြန်ချက် အတိုတခုထဲမှာတော့Khanashin ရွာကို တာလီဘန်တပ်တွေက ဝင်တိုက်ရာမှာ အစိုးရလုံခြုံရေးတပ်သား အများအပြားသေဆုံးသွားတယ်လို့ဖော်ပြထားပါတယ်။ တာလီဘန်တို့ရဲ့ပြောဆိုချက်ကို အတည်ပြုဖို့တော့ မဖြစ်နိုင်ပါဘူး။

Khanashin ရွာဟာ ပါကစ္စတန်နယ်စပ်နားမှာတည်ရှိပြီး ဒါဟာ တနှစ်အတွင်း တာလီဘန်တို့ ထိန်းချုပ်မှုအောက်ကို တတိယအကြိမ်မြောက် ကျရောက်တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ညက တိုက်ပွဲအတွင်း လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ တာလီဘန်သူပုန်တွေဟာ ပါကစ္စတန်နိုင်ငံ နယ်နိမိတ် ထဲကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အာဖဂန် လုံခြုံရေးအရာရှိတွေက VOA ကိုပြောပါတယ်။

တိုက်ပွဲကြောင့် ဒဏ်ရာရသူတွေထဲမှာ ဒေသ လုံခြုံရေးတပ်မှူးလည်းပါတယ်လို့ အရာရှိတွေက အတည်ပြုပါတယ်။ နှစ်ဘက်တပ်တို့က သေဆုံးသူ ရှိတယ်လို့ ပြောဆိုကြပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ အတည်ပြုချက်မရပါဘူး။ ဘိန်းစိုက်ပျိုးမှုကြောင့် နာမည်ဆိုးရှိတဲ့ Helmand ဟာအာဖဂန်ရဲ့ အကြီးဆုံးပြည်နယ်ဖြစ်သလို တာဘန်တို့တိုက်ခိုက်မှုကို ဆက်တိုက်ခံနေရတာဖြစ်ပါတယ်။

အာဖဂန် Helmand ခရိုင် တာလီဘန်လက်ထဲကျ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG