သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၃ ခုနှစ်တွင်း အာဖဂန်စစ်ပွဲ လူ ၃,၀၀၀ ကျော်သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံကစစ်ပွဲကြောင့် အရပ်သားသေဆုံးမှု တိုးနေပြီး ၁၂ နှစ်ကြာနေပြီဖြစ်တဲ့စစ်ပွဲမှာ ပြီးခဲ့တဲ့နှစ်ဟာ အရပ်သားသေဆုံးမှု
အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

၂၀၁၃ ခုနှစ်အတွင်း အရပ်သားသေဆုံးမှု၊ ဒဏ်ရာရမှု၊ ၁၄% တိုးလာခဲ့ပြီး သေဆုံးသူ ၃ ထောင်နီးပါးနဲ့ ဒဏ်ရာရသူ ၅ ထောင့် ၆ ရာကျော်ရှိသွားပြီလို့ အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂရဲ့ အကူအညီပေးရေး Mission အဖွဲ့ UNAMA က ဒီကနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ တချိန်တည်းမှာပဲ အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံး ဒဏ်ရာရမှုဟာလည်း ၂၀၁၂ ခုနှစ်ကထက်စာရင် ၃ ပုံ ၁ ပုံကျော် တိုးလာခဲ့တယ်လို့ ပြောပါတယ်။

ခုလို အရပ်သားသေဆုံးမှု ၄ ပုံ ၃ ပုံက တာလီဘန်တွေနဲ့ အစိုးရဆန့်ကျင်သူတွေကြောင့်ဖြစ်တယ်လို့ UNAMA ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ တာလီဘန်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုက အရပ်သားတွေ ပိုပြီး ထိခိုက် အန္တရာယ်ဖြစ်နေတယ်ဆိုတာကိုလည်း ၂၀၁၃ ထဲမှာဖြစ်လာတဲ့ ထိတ်လန့်စရာအဖြစ် အစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။
XS
SM
MD
LG