သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် သမ္မတ အမေရိကန်ထံက နှစ်စဉ် ဒေါ်လာ နှစ် ဘီလီယံ တောင်းခံ


အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ကဘူး လူထု အား စကားပြောစဉ်။ ဧပြီ ၁၇၊ ၂၀၁၂။
အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ကဘူး လူထု အား စကားပြောစဉ်။ ဧပြီ ၁၇၊ ၂၀၁၂။

အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းက အာဖဂန်နစ္စတန် က နိုင်ငံတကာ တပ်ဖွဲ့တွေ ၂၀၁၄ ခုနှစ်မှာ ရုတ်သိမ်းပြီးတဲ့ နောက်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ အာဖဂန် နစ္စတန် နိုင်ငံ က တပ်ဖွဲ့တွေ အတွက် နှစ်စဉ် ဒေါ်လာ သန်းပေါင်း နှစ်ထောင် ပံ့ပိုးပေးစေ လို့တယ် လို့ ပြောလိုက်ပါတယ်။ အမေရိကန် နဲ့ အာဖဂန် မဟာဗျုဟာ မြောက် မိတ်ဖက် သဘောတူညီမှု ညှိနှိုင်းတဲ့ အခါမှာ အမေရိကန် အနေနဲ့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ တွေ အတွက် နှစ်စဉ် ဒေါ်လာ သန်းနှစ်ထောင် ထက် မနည်း ပံ့ပိုးပေးသင့်တယ် လို့ ပြောဆိုလိုက်တာပါ။

အမေရိကန် တာဝန်ရှိသူတွေက တော့ အာဖဂန် တပ်ဖွဲ့ ဝင်တွေ အတွက် အမေရိကန်ဒေါ်လာ တန်ဖိုး ဒေါ်လာ သန်း လေးထောင် အထိ တောင် ပံ့ပိုးပေးနိုင်တယ် ပြောပေမဲ့ ရှေ့ဆက်ပြီး နှစ်နိုင်ငံ ဘယ်ပုံ ဘယ်နည်း ဆက်လက် ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဘောင် ချမှတ် ဖို့ လိုတဲ့ အကြောင်း အဲဒီ မဟာမြောက် သဘောတူ စာချုပ်မှာလည်း အသေးစိတ် ဖော်ပြထားတာ မဟုတ်ဘူး လို့လည်း ပြောဆိုလိုက်ပါတယ်။

တချိန်တည်းမှာဘဲ အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်း က တာလီဘန်တွေကို တိုက်ခိုင်တာတွေ ရပ်တန်းက ရပ်ဖို့ ပန့်ကြားလိုက်ပါတယ်။ ဒီလို သာ ဆက်လက်ပြီး အကြမ်းဖက် တိုက်ခိုက်တာတွေ လုပ်နေဦးမယ် ဆိုရင် အာဖဂန်မှာ နိုင်ငံခြား တပ်ဖွဲ့တွေ ရဲ့ တပ်စွဲမှု က ပိုပြီး အချိန်ပို စွဲထားသလို ဖြစ်နေမယ် လို့ ပြောဆိုလိုက်ပါတယ်။ ကဘူး မြို့က ကောလိပ်ကျောင်း တစ်ကျောင်းက ကျောင်းသားတွေကို သမ္မတ ကာဇိုင်း က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တာလီဘန်တွေ ဟာ အစ္စလာမ် ဘာသာ အတွက်လည်း အကျိုး မရှိသလို မူစလင်တွေ ဒါမှမဟုတ် အာဖဂန် ပြည်သူတွေ အတွက်လည်း အကျိုး မရှိဘူး လို့ ပြောဆိုလိုက်ပါတယ်။ အစ္စလာမ် ဘာသာအတွက် အလုပ်လုပ်နေတာ မဟုတ်သလို အာဖဂန် လွှတ်မြောက်ရေးနဲ့ ပြည်သူ လူထု လွှတ်လပ်မှု၊ ဖွံ့ဖြိုးမှု အတွက်လည်း အလုပ်လုပ်နေ ကြတာမဟုတ်ဘဲ၊ နိုင်ငံခြား တပ်ဖွဲ့တွေ ရေရှည် တပ်စွဲထားဖို့ အတွက်သာ တိုက်ခိုက် နေကြခြင်း ဖြစ်တယ် လို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG