အာဖဂန်နစ္စတန်နိုင်ငံမှာ ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့တယ်ဆိုပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးက အမျိုးသမီးတဦးကို ရိုက်သတ်၊ ခန္ဓာကိုယ်ကို မီးရှို့ပြီး မြစ်ထဲပစ်ချလိုက်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
ကာဘူးလ်မြို့တော်၊ Shah-e Doh Shamshira ဘုရားကျောင်းနားမှာ ကြာသပတေးနေ့က အဲဒီဖြစ်ရပ်ဖြစ်တာပါ။ အမျိုးသမီးဟာ စိတ်ကျန်းမာရေး ချို့တဲ့ တဲ့ဝေဒနာ ခံစားနေရတာ နှစ်ပေါင်းများစွာကြာပြီလို့ မိသားစုကပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြ ပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး လူလေးဦးကို ဖမ်းဆီးထားတယ်လို့ အာဖဂန်နစ္စတန် ပြည်ထဲရေး ၀န်ကြီးဌာန ပြောခွင့်ရတဦးက ပြောပါတယ်။ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။